Saturday, October 16, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၃)


လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၃)
ဘယ်အရာမဆို (အတွေးအခေါ်၊ အပြော၊ အလုပ်၊ =(ကံ-၃ ပါး) တစ်ဖက်စွန်းရောက်သွားလျှင် အလုံးစုံးပျက်သုံးခြင်းသို့ ရောက်လေတော့သည်။ ဂီတာကြိုးကဲ့သို့ တင်းလွန်းလျှင် ပြတ်တောက်သွားနိုင်သည်။ လျှော့ရဲရဲ ဖြစ်နေလျှင်လည်း လိုအပ်သော အသံ၏ပြည့်စုံခြင်းကို မရနိုင်ပေ။ အရမ်းကို ကြိုးစားလွန်းတော့ ၀ိရိယအားကောင်းသည်-ဟု ဆိုသည်။ ၀ိရိယချည်း ဘယ်လောက်ပဲအားကောင်းကောင်း သမာဓိ=စိတ်တည်ငြိမ်မှု မရလျှင် ပန်းတိုင်ကို မရောက်ပေ။ သမာဓိချည်း အရမ်းအားကောင်းတော့လည်း နှေးကွေးသည်။ မြန်မြန်ထက်ထက် မပြီး။ ထို့ကြောင့် ၀ိရိယနှင့် သမာဓိ ချိန်ခွင်လျှာ မျှတဖို့ လိုအပ်ပါသည်။ တွန်းအားနှင့် စူးစိုက်မှု ပေါင်းစပ်ဖို့ လိုအပ်ပါသည်။
အရှင်နန္ဒမထေရ် အရိယာပုဂ္ဂိုလ်ဖြစ်ခဲ့ပုံကို လေ့လာဆန်းစစ်ကြည့်လျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့ကြောင့် ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ Emotion- စိတ်ခံစားမှုချည်း အားသာချက်ရှိနေလျှင် အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပင် ခဲရင်းသလို လူထွက်သည့်အထိ အကျိုးသက်ရောက်သွားနိုင်သည်။ Intellect အသိညာဏ်ပညာဖြင့် ထိမ်းချုပ်ကာ မျှမျှတတ အားထုတ်တော့ အယူမှားစွဲခြင်းနှင့် သံသယတရားတွေ လွင့်ပျယ်ကုန်သည်။ အရှင်နန္ဒမထေရ်သည် သာမာန်ပုထုဇဉ်ဘ၀မှ အဆင့်ရှိသော အရိယာဘ၀သို့ တိုးတက်ဖွံ့ဖြိုးသွားခဲ့ရသည် ဟု ဆိုထိုက်သည်။ Emotion ကိုယ်စားပြု Compassion ကရုဏာတရားနှင့် Intellect ကိုယ်စားပြု Wisdom ပညာတရားများလည်း ထပ်တူ ဖွံ့ဖြိုးတိုးတက် သွားလေတော့သည်။
မှန်ပေသည်။ အကယ်၍ သူတို့နှစ်ခုသည် ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် လက်ရှိဘ၀၊ နောင်နောင်ဘ၀တွေမှာပါ ကောင်းမွန်သာယာလှပသော life style ကို မရရှိနိုင်ပေ။ ကရုဏာတရားမပါဘဲ ညဏ်ပညာချည်းသာ တိုးတက်ဖွံ့ထွားနေလျှင်လည်း ကျွန်ုပ်တို့သည် အတ္တကြီး ကိုယ်ကျိုးရှာသောပုဂ္ဂိုလ်များ ဖြစ်သွားပေလိမ့်မည်။ တစ်ဖန် အသိညဏ်ပညာမပါဘဲ ကရုဏာတရားချည်းသာ တိုးတက်ဖြစ်ထွန်းခဲ့လျှင်လည်း အကျွန်ုပ်တို့သည် ဘ၀တစ်လျှောက်လုံး ကိုယ့်ကိုယ်တိုင် ပျော်ရွင်နိုင်သလို ထိုအခိုက်မှာပဲ လောကကြီးကိုလည်း ဖျက်ဆီးရာရောက်နေပေလိမ့်မည်။ ကျွန်ုပ်တို့သည် ရုပ်ဝါဒီသမားများ ဖြစ်လာနိုင်စရာ ရှိပေသည်။ ထိုကရုဏာနှင့် ပညာ နှစ်မျိုးစလုံးကို အသုံမချတတ်သူများအတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘ၀မှာ ကရုဏာနှင့် ပညာနှစ်ခုစလုံး အလွန်ပင်အရေးတကြီးညီညွတ်မျှတဖို့ လိုအပ်ကြောင်း ရှု့မြင်သင့်ပါသည်။
အထက်ပါ ကရုဏာနှင့်ပညာများ သင့်လျှော်စွာ တိုးတက်ဖွဲ့ဖြိုးဖို့ရန် လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဗုဒ္ဓ၀ါဒက ဆိုပါသည်။ လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဟူသည်မှာ-(၁) စေတောဝိမုတ္တိနှင့် (၂) ပညာဝိမုတ္တိတို့ပင် ဖြစ်ကြသည်။
စေတောဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော စိတ်တစ်မျိုးပင် ဖြစ်ပါသည်။ ထိုစိတ်ကို ရဟန္တာများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။ ပညာဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော အသိညာဏ်ပညာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာကိုလည်း ရဟန္တာပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုကြပေသည်။ စာပေအနက်တိုက်ရိုက်ပြန်ဆိုလျှင် စေတောဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်စိတ်။ ပုဂ္ဂိုလ်အနေဖြင့် ရဟန္တာကို ယူရသည်။ ပညာဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်ပညာ။ ပုဂ္ဂိုလ်အားဖြင့် ရဟန္တာကိုပင် ယူရသည်။ မှန်ပေသည်။ လွတ်မြောက်ခြင်းဆိုသည်မှာ စင်ကြယ်မှုမရှိလျှင် မဖြစ်နိုင်ပေ။ ထိုကြောင့် အကျွန်ုပ်တို့ လွတ်မြောက်ဖို့က ပထမဦးစွာ မိမိစိတ်ကို စင်ကြယ်အောင်ပြုလုပ်ရပေမည်။ ၀ိသုဒ္ဓိ=စင်ကြယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုသာလျှင် ၀ိမုတ္တိ=လွတ်မြောက်သူဟု ဆိုရပေသည်။
ပထမ ၀ိမုတ္တိသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေပြီး ဒုတိယ၀ိမုတ္တိသည် Intellectual aspectနှင့် နီးကပ်စွာ ဆက်စပ်ပတ်သက်နေပေသည်။ ဘာဝနာနှစ်မျိုးတွင် သမထထိုင်နည်းကို လေ့လာကြည့်လျှင် ဥပမာအားဖြင့် မေတ္တာဘာဝနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗုဒ္ဓါနုဿတိ..စသည်..အမျိုးအစားများစွာသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ၀ိပဿနာပွါးနည်းကို လေ့ကျင့်မည်ဆိုလျှင် ဥပမာအားဖြင့် ခန္ဓာငါးပါး၊ အနိစ္စ၊ ဒုက္ခနှင့် အနတ္တစသည် လက္ခဏာယဉ်သုံးပါစသည်…များစွာသည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။
အချုပ်မှာ အကျွန်ုပ်တို့သည် ဘာဝနာတရားများကို ပွားများခဲ့လျှင် မိမိစိတ်များ စင်ကြယ်လာမည်။ စင်ကြယ်သန့်ရှင်းပါက လွတ်မြောက်မှု အရသာကို ခံစားရမည် ဖြစ်ပေသည်။
တစ်ခြားတစ်ဖက်မှာ အလယ်အလတ်အဆင့်အနေဖြင့် ဈန်၊ အဘိညာဉ်တန်ခိုးစွမ်းအင်ကို လေ့လာသင့်ပေသည်။ ဈန်အဘိညာဉ်နှင့်ပြည့်စုံသူကို စွမ်းအားရှင်ဟု ခေါ်ဆိုသည်။ ယခုခေတ်၌ Supermanဟု ခေါ်ဆိုသော စွမ်းအားရှင်သည် မြေလျှိုးမိုးပျံနိုင်၊ သူတစ်ပါးတို့၏စိတ်ကို သိနိုင်သည်။ ရှေ့ဘ၀၊ နောက်ဘ၀ကို သိနိုင်သည်။ သို့သော် ထိုစွမ်းအားရှင်သည် ၀ိသုဒ္ဓိဖြစ်ခြင်မှ ဖြစ်မည်။ ၀ိမုတ္တိဖြစ်ခြင်မှ ဖြစ်မည်။ ကိလေသာအညစ်အကြေးကင်းစင်သူ ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်မှ ဖြစ်မည်။ အချို့သောရဟန္တာပုဂ္ဂိုလ်များသည် တန်ခိုးစွမ်းအားကို မရပေ။ ကိလေသာကင်းစင်သူ အမည်သက်သက်သာ ရရှိပေသည်။ စက္ခုပါလမထေရ်ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်သည် အဘိညာဉ်တန်ခိုး မရှိပေ။ ၄င်းကို သုက္ခ၀ိပဿကပုဂ္ဂိုလ်ဟု ဆိုသည်။ တစ်ချို့ကား တန်ခိုးဈာန်အဘိညာဉ်ရရှိထားသော်လည်း ကိလေသာစင်သောရဟန္တာပုဂ္ဂိုလ် မဖြစ်သေးပေ။ နမူနာအားဖြင့် အရှင်သာဂတမထေရ်ကဲ့သို့သောပုဂ္ဂိုလ်မျိုး၊ ဒေ၀ဒတ္တမထေရ်ကဲ့သောပုဂ္ဂိုလ်မျိုးတို့ကို ပိဋကတ်၌ လေ့လာတွေ့ရှိနိုင်ပေသည်။
အမှန်စင်စစ် ဈာန်အဘိညာဉ်အဆင့်မှာ ၀ိသုဒ္ဓိ မဖြစ်နိုင်သေးသကဲ့သို့ ၀ိမုတ္တိအစစ်လည်း မဟုတ်သေးပေ။ ပထမဈာန်ဝယ် ဈာန်အင်္ဂါ(၅)ပါးရှိရာ ၁-၀ိတက္က thinking၊ ၂-၀ိစာရ discursive thinking၊ ၃-ပီတိ repture၊ ၄-သုခ happiness၊ ၅- ဧကဂ္ဂတာ one pointedness တို့ဖြစ်ကြသည်။ ထိုငါးပါးတွင် ၀ိတက်နှင့် ၀ိစာရနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ပီတိနှင့် သုခနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ဤဈာန်အဆင့်မှာတောင် လူသားတို့၏စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည် Emotional aspectကို မပယ်ထုတ်နိုင်သေးသောကြောင့် ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်ပြီဟု မဆိုနိုင်ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓ၀ါဒအရ လူသားတို့၏စရိုက်များကို လေ့လာခွဲစိတ်ကြည့်က Emotional aspectသည် ရာဂစရိုက်နှင့် ဆက်စပ်ပတ်သက်ပြီး Intellectual aspectသည် ဒေါသစရိုက်နှင့် ဆက်စပ်ပတ်သက်နေသည်။ အထက်ပါ သဘောတရားနှစ်ခု လူသားတို့မှာ ချိန်ခွင်လျှာညီညွတ်စွာ တိုးတက်ဖွံ့ဖြိုးမှု မရခဲ့လျှင် အကျွန်ုပ်တို့သည် လူလောက၌ လောဘ-လိုချင်မှုအားကြီးသူ၊ ဒေါသ- ရန်လိုအားပြင်းထန်သူများကို မြင်တွေကြရမည် ဖြစ်ပေသည်။ အဆိုပါ သဘောတရားနှစ်ခုသည် တစ်ခုက တစ်ခုကို အင်အားပြင်းလွမ်းမိုးသွားခဲ့လျှင် လူလောကကို ဘေးဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကျွန်ုပ်တို့ကို မြတ်ဗုဒ္ဓသည်  လောဘစရိုတ်မှတစ်ဆင့် compassion-ကရုဏာအဆင့်သို့တိုင်၊ ဒေါသစရိုတ်မှတစ်ဆင့် wisdom-ပညာအဆင့်သို့တိုင်အောင် ပေါင်းဖက်ညီညွတ်စေလျှက် တိုးတက်ဖွံ့ဖြိုးစေသင့်ကြောင်း လေးဆယ်ငါးဝါပတ်လုံး သင်ကြားပြသခဲ့ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓကို ကရုဏာ၊ ပညာအားဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသောပုဂ္ဂိုလ်ဟု အသိအမှတ်ပြုထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အရှင်ဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်အဖွင့်၌ “ကရုဏာသီတလဟဒယံ- The Buddha is the hard worker who is bone by compassion, ပညာပဇောတ၀ိဟတမောဟတမံ- He had destroyed the darkness of ignorance though wisdom, သနားကြင်နာမှုတရားဖြင့် အေးမြတော်မူသော၊ အသိညာဏ်ပညာဖြင့် မသိမှုအမိုက်မှောင်ကို ဖြိုခွင်းတော်မူပြီးသော မြတ်ဗုဒ္ဓ”ဟူ၍ ရိုသေလေးမြတ်စွာ ရှိခိုးသည်။
အမှန်စင်စစ် ယခုခေတ်သစ်ကမ္ဘာမှာကား ကရုဏာ၊ ပညာတရားများ ရှေးခေတ်ကလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိ”ဟု ဆိုရမည်။ ထို့ကြောင့် အကျွန်ုပ်တို့လည်း ကရုဏာ၊ ပညာအရာ အနိုင်းမဲ့ဖြစ်တော်မူသော မြတ်ဗုဒ္ဓကို တိုင်တည်ရှိခိုးလျှက် အထွတ်အထိပ်ဖြစ်သော လူသားတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည်ကို မြင့်တင်ပြီးကာ ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်အောင် ကြိုပမ်းအားထုတ်သင့်ပါကြောင်း။ 
ကရုဏာပညာ၊ မြင့်မားသာလွန်၊ မြတ်မွန်ဘျားအား၊ ယခုရေးသား၊ ပို့စ်တရားဖြင့်၊ ညွတ်တွားပူဇော်၊ ကျိုးမြော်ကောင်းဆု၊ ပန်ပါ၏။ ။

Friday, September 24, 2010

အရိပ်

ဆရာ့အရိပ်

ဘုရားရိပ်သည် အေးမြဆုံး ဖြစ်သည်။
ထို့နောက် တရားရိပ်၊ သံဃာရိပ်။
မိဘ၊ ဆရာသမား အရိပ်၊ အရိပ် အရိပ် အရိပ်။

အရိပ်ပြယ်က၊ အေးမြမှု၏ အရသာကို သိလိမ့်မည်။
အပူထဲက၊ ပြန်လာမှ ရေတစ်ခွက်ရဲ့၊ အနက်ကို သဘောက်ပေါက်မည်။
သို့သော်….. သို့သော်…….
ညောင်ပင်ကြီးအောက်၊ ရေတစ်ပေါက်သောက်ဖို့၊ အရိပ်ခို။
ခိုသောအရိပ်၊ တစ်ခဏစိတ်မျှ၊ အေးမြမှုကို၊ ပေးနိုင်သည်။

ဆရာ့စေတနာ၊ မေတ္တာ ပညာ၊
အရိပ်ပမာ၊ တပည့်တို့မှာ။
ပညာလက်နက်၊ စွဲကိုင်လျှက်။

ဆရာ့မေတ္တာ၊ ခံယူလျှက်ပင်၊ ပညာရင်နို့၊
သောက်စို့ခဲ့၊ ဆရာ့အရိပ် အေးမြခဲ့။


ဆရာ့စေတနာ၊ သတိရလျှက်၊
ဆရာ့ဆရာထက်၊ သာသည့်အချက်၊ ဆရာ့ဆန္ဒ၊ မပြည့်ဝလျှက်၊
လောကကျိုးတွက် မျှော်လင့်ချက်၊ မျိုးဆက်သစ်တို့၊ ထားရစ်လျှက်။
ဆရာ့ဆရာ ပီသလျှက်၊ အိုမင်းဇရာ၊ မလွန်ဆန်ရစ်၊
နာရာဗျာဓိ၊ ဖိစီးလျှက်။

၂၀၁၀-ဒီနှစ်ပင်၊ စက်တင်ဘာလ၊
နှစ်ဆယ့်သုံးရက်၊ သာယာလျှက် ဒီနံနက်၊
မရဏခံတွင်း၊ သက်ဆင်း၏။

လောကအတွက်၊ မျက်တစ်လုံးကွယ်၊
ကြယ်ကြီးတစ်ပွင့်၊ ကြွေလွင့်တယ်။
တပည့်များရင်မှာ သောကကြွယ်။
သက်ဆုံးတိုင်ပင်၊ အောင့်မေ့ဘွယ်။
သူလို ဆရာ ရှားလိမ့်မယ်။

သို့သော်လည်းကွယ်၊ မျိုးဆက်သစ်တို့၊ လက်ကမ်းတယ်။
ဆရာ့အရိပ်၊ မပျောက်ကွယ်။ ဆထက်ကြိုးကာ၊ တိုးပွါးမယ်။
တပည့်အပေါင်းတို့ ဆုတောင်းတယ်။
ဆရာ………………ကောင်းရာသုဂတိ လားစေကွယ်………..။



 (သားဂျာနယ်ကျော် ဆရာမိုးဟိန်းအတွက် အမှတ်တရ ရေးဖွဲ့သည်)

Wednesday, September 15, 2010

ပြောင်းလဲခြင်း

I never try

• I never try the people to convert their own religion to Buddhism.
• I never try. It is not my purpose.
• I am trying always to convert from ignore to wisdom.
• I am trying to convert bad to good.
• If you are Christianity, Islam, you must be good Christianity and Islam.
• If we are Buddhism, we must be good Buddhism.

• “သူတို့ရဲ့ ကိုယ်ပိုင် ဘာသာတရားကို စွန့်လွတ်ပီး လူတွေကို ဗုဒ္ဓဘာသာဝင်တစ်ယောက် အဖြစ် ပြောင်းလဲသက်ဝင်လာအောင်” ငါ ဘယ်တော့မှ မကြိုးစားဘူး။

• ငါ မကြိုးစားဘူး ဒီလိုပြောင်းလဲအောင်။ အဲဒါ ငါရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

• ငါ ကြိုးစားလေ့ရှိတာကတော့ မသိနားမလည်သေးတဲ့သူတွေ အသိညဏ်ပညာဖြင့် ချင့်ချိန်တတ်သူ ဖြစ်သွားအောင် ပြောင်းလဲဖို့ပါပဲ။

• အကျင့်စာရိတ္တမကောင်းရာမှ လိမ္မာသော၊ အကျင့်စာရိတ္တမွန်မြတ်သော သူများဖြစ်လာဖို့ ကြိုးစားနေတာပါ။

• အသင်တို့ဟာ ခရစ်ယန် သို့မဟုတ် အစ်စလမ် ဖြစ်ခဲ့ရင်- ဖြစ်နေရင် အကျင့်စာရိတ္တကောင်းမွန်တဲ့ ခရစ်ယန်၊ အစ်စလမ်တစ်ယောက် ဖြစ်ရပါမယ်။

• ငါတို့လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် အကျင့်စာရိတ္တကောင်းသော ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ရမယ်။


            ဒေါက်တာ အရှင်ညာဏိဿရ
             သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်

Thursday, September 9, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၂)


ခေတ်သစ်နောက်ဆုံးနည်းပညာအရ လူသားတို့ဦးနှောက်အား လေ့လာသုတေသနပြုရာ ထူခြားသောအသွင်သဏ္ဌာန် (၂)မျိုး တွေ့ရှိခဲ့ကြောင်း၊ ထိုအသွင်သဏ္ဌာန်တို့၏ ပြောင်းလဲမှု ဖြစ်စဉ်အဆင့်ဆင့်ကို လူသားတို့၏ပင်ကိုယ်စရိုက်နှင့် တိုးတက်မှု (အပိုင်း-၁)ပို့စ်၌ ဖတ်ခဲ့ရပြီး ဖြစ်သည်။
ဤပို့စ်ဝယ် သံသယဖြစ်ဖွယ် အသုံးအနှုံးများကို အဆင်သင့်သလို ဖြေရှင်းပေးခြင်ပါသည်။ ပထမဆုံးအနေဖြင့် လူသားတို့၏ပင်ကိုယ်စရိုက်ဟူသည်မှာ မူလအခြေခံ အဖြူထည်စိတ်အခြေအနေတစ်မျိုးပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Characteristic of the mind စိတ်သဘော-သဘာဝလက္ခဏာပင် ဖြစ်သည်။ သုတေသနလုပ် ရှာဖွေခြင်း၊ တွေ့ရှိခြင်းဆိုသည်မှာလည်း အရင်က မည်သည့်ပညာရှင်မျှ ရှာဖွေမတွေ့သေးသော အချက်အလက်အသစ်များကို လက်ခံရရှိခြင်းပင် ဖြစ်သည်။
ထိုခေတ်သစ်ရှာဖွေတွေ့ရှိခြင်းအပေါ်ဗုဒ္ဓ၀ါဒအရ လေ့လာဆန်းစစ် နှီးနောရောစပ် တင်ပြထားသည်ကို ဤပို့စ်၌ ဖတ်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ဤပို့စ်ဝယ် အဘိဓမ္မာနည်းအရ စိတ်သဘာဝအခြေအနေများနှင့် နှိုင်းယှဉ်မပြပဲ ခေတ်သစ်တွေ့ရှိမှုအရသာလျှင် ရေးသွားမည် ဖြစ်ပါသည်။
ဗုဒ္ဓ၀ါဒ၌လည်း အဆိုပါ Emotional aspect နှင့် Intellectual aspect တို့သည် အမြင့်ဆုံးအဆင့်ဖြစ်သော Compassion နှင့် Wisdom အထိတိုင်အောင် အတူတကွလက်တွဲ၍ တိုးတက်ဖြစ်ထွန်းသွားသည်ကို လေ့လာတွေ့ရှိရပေမည်။ တနည်းအားဖြင့် လောကီအာရုံ ခံစားမှုမှသည် လောကုတ္တရာ အာရုံခံစားနိုင်သည့်အထိ အတူတကွ အမှီပြုလျှက် တိုးတက်ဖြစ်ထွန်း ကြပေသည်။ အလှတရားများကို ခံစားမှုသည် လူသားတို့၏ပင်ကိုယ် စိတ်သဘာဝအရ တစ်ဆင့်ပြီးတစ်ဆင့် လိုက်စားကြပေသည်။ ပါပသ္မိံရမ္မတိ မနော- စိတ်သည် သူ့ချည်းလွတ်ထားပါက မကောင်းမှုအာရုံတို့၌ ကိုင်းညွတ်နေတတ်သည်။ မကောင်းသောအရုံ၌ လှည့်လည်နေသောစိတ်ကို အသိညာဏ်ပညာဖြင့် ထိမ်းသိမ်းရပေမည်။ မည်သည့်အဆင့်အထိ ထိမ်းထားရမည်နည်း။ အမြင့်ဆုံး မဂ်ပညာ၊ ဖိုလ်ပညာတိုင်ထိ ဖြစ်သည်။ ထိုကြောင့် တစ်ဖက်မှာ အလှတရာခံစားမှုကို နှစ်သက်လက်ခံခြင်းနှင့်အတူ လူသားတို့၏ ပင်ကိုယ်စရိုက်ကိုလည်း အမြင့်ဆုံးအဆင့်ဖြစ်သော ကရုဏာနှင့် ပညာ တိုင်သည်အထိ တစ်ဆင့်ချင်း တိုးတက်စေသင့်သည်။

သို့သော်လည်း အမြင့်ဆုံးသို့ သွားဖို့ရန် အနိမ့်ဆုံးအဆင့်မှ စတင်ရလေသည်။ ထို့ကြောင့် လူသားတို့၏စိတ်ခံစားမှုအရ အလှတရားများအပေါ် အာရုံကျက်စားခြင်းမှ စတင်၍ အမြင့်ဆုံးအဆင့်ထိတိုင်အောင် တဆင့်ခြင်း တစ်ဖြည်းဖြည်း လေ့ကျင့်ယူရပေမည်။ ဤသို့လေ့ကျင့်ခြင်းသည် ပျော်ရွင်ရုံသက်သက် မဟုတ်ပါ။ သို့သော် ယခုခေတ်စာပေ၌ အလှတရားခံစားခြင်းကို အပျော်သက်သက်အတွက်သာ ဖေါ်ပြနေကြပေသည်။ ဗုဒ္ဓ၀ါဒအရ အလှတရားခံစားမှုကို ပျော်ရွင်ကြည်နူးဘွယ် ခံစားမှုအဖြစ် ဖေါ်ပြထားရုံမက လူသားတို့၏ ပင်ကိုယ်စရိုက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဖေါ်ပြထားပေသည်။  အဆိုပါ အလှတရားခံစားမှုစိတ်အခြေအနေသည် လူသားအားလုံးနှင့် သက်ဆိုင်သော compassion ကရုဏာဟုခေါ်ဆိုသော မြင့်မာသောအဆင့်ထိတိုင်အောင် ဖွံ့ဖြိုးတိုးတက်နိုင်ပေသည်။ သာဓကအားဖြင့် ဗုဒ္ဓနှင့် ရဟန္တာမထေရ်များကို ထုတ်ဆောင်ပြရပေလိမ့်မည်။ ဗုဒ္ဓနှင့် ရဟန္တာမထေရ်များသည် လောက၌ သက်ရှိလူသားအားလုံအပေါ် ညီမျသော ပြည့်ဝသော ကရုဏာတရား ထားရှိကြပေသည်။
ဗုဒ္ဓ၀ါဒ၌ လူသားတို့၏ ပင်ကိုယ်စရိုက် အရည်သွေးများ တိုးတက်မှုသည် အလှရသခံစားမှုနှင့် တိုက်ရိုက်ပင် ဆက်စပ်နေပါသည်။ အနုသုခုမ အလှတရားသည်လည်း အလွန်ပင်အရေးပါလပေသည်။ သူတစ်ပါးတို့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သည်မှာ အလှတရားပင် ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် ရဟန်းတော်များအား သင့်လျှော်လှပသော အ၀တ်အစားများကို ၀တ်ဆင်ဖို့ရန်နှင့် ကျောင်းတိုက်များကို သန့်သန့်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားရန် အကြံပြုတော်မူလေသည်။ မသန့်မရပ် ညစ်ပတ်သော ရဟန်းတော်များကို လူတို့က အရိုအသေအလေးအမြတ် ထားမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ စည်းကမ်းတကျ လှပသန့်ရပ်ခြင်းသည် မကြည်ညိုသေးသူတို့ ကြည်ညိုစေသည်၊ ကြည်ညိုပြီးသား သူတို့အားလည်း တိုးတက်ကာ ကြည်ညိုစေသည်။ ဗုဒ္ဓ၀ါဒ၏တရာတော်များ၌ အလှအပနှင့် ပတ်သက်ပီး ဖေါ်ပြထားချက် အလှရသသဘောတရားများ များစွား ရှိပေသည်။ သာဓကအားဖြင့် ဥပမာများ၊ ဥပစာ-တင်စားချက်များ၊ နှိုင်းယဉ်ချက်များ၊ များစွာသော ကဗျာ၊ (မှတ်ချက်။ ။ဂါထာသည် ကဗျာအမျိုးအစားပင် ဖြစ်ပါသည်။) လှပသော ပုံဝတ္ထုများ၊ ဇာတ်တော်များ ဖြစ်ကြပေသည်။ ဗုဒ္ဓ၀ါဒ၏တရားတော်ဝယ် ဤကဲ့သို့ ဥပမာ ပုံဝတ္ထုများ ထည့်မဟောခဲ့လျှင် တရားတော်ကို စိတ်ဝင်စားစွာ နာယူမည့်သူ ရှားပါးနိုင်ပေသည်။ ထို့ကြောင့် ဗုဒ္ဓသည် သူ့၏တရားတော်များအား ဥပမာ၊ ပုံဝတ္ထုများဖြင့် တန်းဆာဆင်ကာ လှလှပပဟောကြားထားခဲ့ခြင်း ဖြစ်ပေသည်။ တရားတော်နာ ပရိတ်သတ်အပေါင်းကလည်း ဗုဒ္ဓ၏တရားတော်ကို နှစ်သက်သဘောကျလေသည်။ နောက်ဆုံးမှာတော့ နှစ်သက်ခံစားမှုမှသည် ပညာဖြင့် ချွေးသိပ်စေပီး တရားမှန်ကို ထိုးထွင်းသိရှိသွားကြစမြဲ ဖြစ်ပေသည်။ “ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ သုခ၊ ယထာဘူတံ ပဇာနာတိ”ဟူ၍ ပါဠိတော်များ၌ အစဉ်အတိုင်း ဖေါ်ပြသည်။  ဤကဲ့သို့ တရားမှန်ကို ထိုးထွင်းမသိခဲ့လျှင် သတ္တ၀ါတို့သည် အမှားတွေများစွာ ပြုလုပ်နေအုံးမည် ဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်အလိုက် သူနှင့်သင့်လျှော်သော တရားတော်ကို ရွေးချယ်ပြီး ဟောပြောရပေသည်။ ဗုဒ္ဓသည် ၎င်းတို့၏စရိုက်နှင့် တရားတော်ကို အကြွင်းမဲ့ သိပြီးဖြစ်သည်။ သာဓကအားဖြင့် ညီတော်နန္ဒ ဖြစ်ပုံကို ကြည့်ပါ။ ညီးတော်နန္ဒမင်းသားကို ဗုဒ္ဓက လပ်ထပ်မည့်ဆဲဆဲ မင်္ဂလာပွဲမှ ခေါ်ခဲ့ပီး သင်္ကန်းစည်းပေးထားခြင်း ဖြစ်သည်။ ညီတော်နန္ဒမထေရ်သည် စိတ်မပါဘဲ ရဟန်းဝတ်ခဲ့သောကြောင့် သူ့စိတ်မှာ လက်ထပ်မည့်ဆဲဆဲ အချောအလှ ဇနပဒကလျာဏီထံသို့သာ ပျံဝဲရောက်နေတတ်လေသည်။ သာသနာ့ဘောင်တွင်း သင်္ကန်းဝတ်ဖြင့် မပျော်ပိုက်ပေ။ လောကီစည်းစိမ်ကိုသာ မယားချောလေးနှင့် အတူ ပျော်ပါးခြင်သည်။ ဤသည်ကို သိတော်မူသော ဗုဒ္ဓည် ညီတော်အား နတ်ပြည်သို့ ခေါ်ဆောင်သွားလေသည်။ နတ်ပြည်သွား လမ်းတစ်ဝက်၌ မီးလောင်ထားသော သစ်ငုတ်တိုပေါ်မှာ ထိုင်နေသော မျောက်မကို ညီတော်အား ပြသပြီး “ညီတော် ဟောဟိုက မျောက်မနဲ့ ဇနပဒ ဘယ်သူလှလဲ” မေးတော်မူသည်။ ရက်စက်ပါပေ နောင်တော်ဘုရား ပြောရက်လိုက်တာ။ ရေနဲ့ ဆီပမာ ကွာခြားလပါ၏။ နတ်ပြည်ရောက်တော့ နတ်သမီးများကို ပြပြီး တစ်ခါ မေးတော်မူပြန်သည်။ “ညီတော် ဘယ်လိုလဲ၊ နတ်သမီးနဲ့ ဇနပဒ ဘယ်သူက ပိုလှလဲ”။ မှန်လှပါ နောင်တော်ဘုရား…ဇနပဒဟာ နတ်သမီးနှင့်နှိုင်းယှဉ်လျှင် မျောက်မသာသာဖြစ်သွားပါပြီဘုရား။ အေး…ညီတော်..နတ်သမီးကို မလိုချင်ဘူးလား။ ဟာ..နောင်တော် မနောက်နဲ့နော်။ လိုချင်တာပေါ့။ ထိုနောက် လူ့ပြည်ပြန်ရောက်တဲ့အခါ ဗုဒ္ဓက “ကဲ့..ညီတော် မင်း နတ်သမီးကို လိုချင်က ဒီဂါထာရွက်”ဟူ၍ သုံးဆယ့်နှစ်ကောသ တရားတော်ကို ပေးအပ်တော်မူသည်။
ညီတော်နန္ဒလည်း နတ်သမီးအချောအလှတွေကို လက်တွေ့ မြင်ပြီးသူဖြစ်သည့်အားလျှော်စွာ အရမ်းကိုလိုချင်သောကြောင့် ရလိုရငြား တရားတော်ကို အားထုတ်လေတော့သည်။ နတ်သမီးလိုချင်၍ တရားလုပ်ခြင်း ဖြစ်သည်။ တရားလိုချင်၍ တရားအားထုတ်တာ မဟုတ်ရချေ။ သို့သော် ညီတော်နန္ဒမထေရ်သည် တရားရသွားလေသည်။ သောတာပန်အရိယာ ဖြစ်သွားသည်။
အထက်ပါ သာဓကကို လေ့လာဆန်းစစ်လျှင် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်နှင့် ၎င်းနှင့် လိုက်ဖက်သော တရားတော်ကို အကြွင်းမဲ့ သိပြီးတော်မူခြင်း၊ လူသားတို့၏ပင်ကိုယ်စရိုက် အလှရသခံစားမှုကို တိုးတက်ဖြစ်ထွန်းအောင် ပြုလုပ်ခြင်း၊ တရားတော်၏လှပသော ဥပမာ၊ ဥပစာများဖြင့် သိမ်းသွင်းကာ တရားမှန်ကို သိရှိရေး လမ်းညွန်ပေးနိုင်ခြင်း၊ နောက်ဆုံး သောတာပတ္တိပညာဖြင့် ဘ၀၏တစ်ဆင့်ချိုး အရိယာအဖြစ် ချွေးသိပ်ကာ ငြိမ်းချမ်းစေခြင်း အပါယ်တံခါး ပိတ်သွားခြင်း စသောတန်ဖိုးကြီးမားသော အကျိုးတရားများကို တွေ့ရှိရမည် ဖြစ်ပေသည်။
ထို့ကြောင့် လူသားတို့၏ပင်ကိုယ်စရိုက် တိုးတက်ဖြစ်ထွန်းဖို့ဆိုလျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှဖို့ အလွန်ပင် အရေးကြီးလပေသည်။ Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့လျှင် ငြိမ်းအေးမှု၊ သာယာလှပမှု၊ ဘ၀လုံခြုံမှုနှင့် ဘ၀၏အာမခံချက်တို့ကို ပိုင်ဆိုင်သွားပြီ ဖြစ်လေ၏။
အပိုင်း (၃) ဆက်ဖတ်ရန်

Sunday, September 5, 2010

ငါ့ဘ၀နဲ့ငါ


“မပြောင်းလဲသော ငါ့ဘ၀ ငမည်း”

ငါ့ဘ၀….. ငမည်းဘ၀…        
မွေးတုန်းကလည်း ငါ အမည်းလေးပါ၊ ကြီးလာပြန်တော့ မည်းလျက်ပဲပေါ့၊
နေပူထဲထွက်လည်း မည်းမြဲမည်း၊ ငါကြောက်လန့်မိချိန် ငါကိုယ်တိုင် မည်းမှောင်၊
နေမကောင်းဖြစ်လည်း မည်းမည်းမည်း။ ငါသေချိန်အထိ မည်းတုန်းပဲ။
ကဲ ဒါနဲ့ အဖြူရောင်ရဲဘော်ရေ မင်းမှာတော့ကာ…..
မင်းမွေးတော့ ပန်းရောင်လေး၊ ဒါပေသိ မင်းကြီးလာတော့ အဖြူရောင်ပြောင်း၊
နေပူထဲမှာတော့ အနီးရောင်ခံ၊ မင်းအအေးမိရင် ပြာပြာရောင်ဖြစ်၊
မင်းကြောက်လန့်တဲ့ခါ အ၀ါရောင်ပြောင်း၊ အစိမ်းရောင်ပြောင်းရင် နေမကောင်းဖြစ်၊
နောက်ဆုံး သေတာတောင်မှ မီးခိုးရောင်၊ ပြောင်းပြောင်းနိုင်တဲ့ မင်းနော်၊
 ဒါတောင် မင်းက ငါ့ကို “ကပြား” ခေါ်ရသလား။
(မည်း=ဲ - အနက်)

(၂၀၀၈ အတွက် အကောင်းဆုံး UN အသိအမှတ်ပြု  အောက်ပါကဗျာကို ဆီလျှော်အောင် ရေးဖွဲ့ထားသည်။)
  • When I born, I black
  • When I grow up, I black
  • When I go in Sun, I black
  • When I scared, I black
  • When I sick, I black
  • And when I die, I still black
  • And you white fellow
  • When you born, you pink
  • When you grow up, you white
  • When you go in Sun, you red
  • When you cold, you blue
  • When you scared, you yellow
  • When you sick, you green
  • And when you die, you gray
  • And you calling me colored?

Wednesday, September 1, 2010

Do or Don't!

You cannot bring about prosperity by discouraging thrift.
ခြုံးခြံချွေတာခြင်းကို အားမပေးဘဲ တားမြစ်ခြင်းသည် စည်းစိမ်ဥစ္စာကြွယ်ဝမှုကို မယူဆောင်လာနိုင်ပါ။

You cannot strengthen the weak by weakening the strong.
 အင်အားချည့်နှဲ့သော စွမ်းဆောင်ရည်ဖြင့် ဆင်းရဲသားများကို အားမဖြည့်ပေးနိုင်ပါ၊ ထိမ်းမထားနိုင်ပါ။ 

You cannot help the wage earner by pulling down by the wage payer.
လုပ်ခအကျိုးအမြတ်ကို ဖြိုချခြင်းဖြင့် လုပ်ခစားများကို ကူညီရာမရောက်ပါ။

You cannot further the brotherhood of men by encouraging class hatred.
လူတန်းစားအလွှာ မုန်းတီးမှုကို အားပေးအားမြောင့် ပြုလုပ်ခြင်းက လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အထောက်အကူမပြုနိုင်ပါ။

You cannot help the poor by destroying the rich.
လူချမ်းသာများကို ချေမှုန်းခြင်းက ဆင်းရဲသားနှင်းပြားဘ၀တွေကို ကူညီရာမရောက်ပါ။
  
You cannot keep out of trouble by spending more than you earn.
ရငွေထက် ပိုလွန်ကာ သုံးဖြုံးခြင်းက ပြဿနာများကို ထိမ်းမထားနိုင်ပါ။

You cannot build character and courage by taking away man's initiative and independence.
လူ၏လွတ်လပ်မှုနှင့် ကိုယ်စွမ်းကိုယ်စ ပင်ကိုယ်အရည်အချင်းကို နှိမ်၍ ပျောက်ပျက်စေခြင်းသည် လူ၏ရဲရင့်မှု ဂုဏ်သတ္တိ သိက္ခာတရားများကို မတည်ဆောက်နိုင်ပါ။
   
You cannot help men permanently by doing for them what they could and should do for themselves. 
သူတို့အတွက် သူတို့ကိုယ်တိုင် လိုက်သင့်လုပ်ထိုက်တာတွေကို ကိုယ်က ၀င်ရောက်ပြုလုပ်ပေးနေခြင်းက သူတို့ကို အမြဲတမ်း ကူညီရာ မရောက်ပါ။

 (Abraham Lincoln) အေဘ်လ်ဟင် လင်ကွန်း