ပညာသုံးတန် အောင်ရမည်
(သီရိလင်္ကာနိုင်ငံမှ ပြန်လာပြီးနောက် ဇာတိမြို့မှာ တစ်နှစ်ခွဲလောက် အနားယူပြီး။ ယခုအခါ အိန္ဒိယနိုင်ငံသို့ ပညာသင်ခွင့် ထပ်မံကြုံလာသဖြင့် အင်တာနက်နှင့် တစ်ဖန် မိတ်ဆွေဖြစ်လာသောအခါ စာဖတ်သူများနှင့် ကံကြမ္မာရဟတ် တစ်ပါတ် ပြန်လာခဲ့ပါပြီ။ ပထမဆုံး ပိုစ့်လေးက သီတဂူဆရာတော်ရဲ့ မိန့်စကား အပိုင်းအစလေးကို ဖတ်ကြည့်ပါအုံး။ အားလုံးကို ကျေးဇူးတင်လျှက်။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။)
လူတို့၏ ဘ၀တန်ဖိုးသည် ပညာ၊ လူတို့၏ မျက်လုံးဟူသည် ပညာ၊ လူတို့၏ အသက်ဟူသည် ပညာ၊ ဘ၀အရင်းအနှီးသည် ပညာ၊ ဘ၀သန့်ရှင်းစင်ကြယ်ကြောင်းသည် ပညာ၊ ဘ၀အထွဋ်အထိပ်သို့ ရောက်ကြောင်းသည် ပညာ၊ ဘ၀ပန်းတိုင်သို့ ပို့ကြောင်းသည် ပညာ၊ ဘ၀၏သော့ချက်သည် ပညာ၊ နိဗ္ဗာန်တံခါး၏ သော့ချက်သည် ပညာ စသည်စသည်ဖြင့် ပညာ၏တန်ဘိုးရှိပုံ၊ အသုံးဝင်ပုံ၊ လိုအပ်ပုံတို့ကို ပညာရှိတို့ အမျိုးမျိုး ဆိုကြကုန်၏။
“ကထံသု လဘတေ ပညံ” ထိုပညာကို အဘယ်နည်းဖြင့်
ရနိုင်ပါမည်နည်း-ဟု အာဠာဝကဘီလူးက မေးသည်ကို “သုဿုသံ လဘတေ ပညံ” ကောင်းမွန်စွာ သင်ယူခြင်း၊
ဆရာသင်ကြားပေးသည်ကို ကောင်းစွာ မှတ်သားနားထောင်ခြင်းဖြင့် ပညာကို ရနိုင်၏-ဟု မြတ်စွာဘုရား
ဖြေကြားတော်မူ၏။