Friday, July 23, 2010

အမှားအမှန်

အမှားကိုမြင်၊ အမှန်ပြင်သင့်၊ သို့သော်ငြားလည်း၊ ပြင်လေမှားလေ၊
မှားလေဝေးလေ၊ မနီးစပ်ပေ၊ အမြင်မှန်ကို၊ ရခြင်မိသည်။

အမှန်ရှိလျှက်၊ အမှန်မမြင်၊ အမှန်ကိုမှား၊ သူကားထင်မိ၊ 
အမှန်သို့သွား၊ မှားမြဲမှားပေါ့၊ ဘယ်နားသူမှား၊ သူကားမခြင်၊ 
အမြင်မှန်ကို၊ ရခြင်မိသည်။

သဘာဝတရား၊ မမှားဘူးလား၊ တရားဓမ္မ၊ အမှန်ချည်းလား၊ 
ထိုကားအမှန်၊ ဒါကအမှား၊ ခွဲခြားဖို့ရန်၊ ညဏ်အခြေခံ၊ ဧကန်ရှာသင့်ပြီ။

ညဏ်ဆိုသည်ကား၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်၊ 
ဝေဖန်ခွဲခြား၊ တတ်သိသဘော။

လူမှန်ရပ်မှန်၊ ရှေးကောင်းမှုမှန်၊ စိတ်ထားမှန်မှန်၊ အကျိုးပေးသန်၊
မှန်မှန်ကန်ကန်၊ လမ်းသင့်မှန်ကို၊ နည်းသစ်ခံကာ၊ လျှောက်သင့်ပြီတည်း။

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ