Saturday, January 8, 2011

ကံကောင်းခြင်းလက်ဆောင်

You Are the Lucky One!

If you woke up this morning
Fairly healthy, Congratulations, because
Million people will not live to past a week.

နံနက်ခင်းမှာ ကျန်းမားရေးနှင့် ညီညွတ်မျတစွာ အိပ်ရာမှ နိုးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သက်လိုက်ပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သန်းပေါင်းများစွာသော လူတို့ဟာ ကုန်လွန်သွားခဲ့တဲ့ တစ်ပတ်လောက်ကို ပြန်လည်ရယူနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

If you have never experienced the danger of war,
The loneliness of imprisonment,
The agony of torture,
Or cold and hunger,
Congratulations, you better fate than 5 million people

သင်သည် စစ်ဘေးစစ်ဒဏ် အန္တရာယ်၊ စိတ်အားငယ်စွာ တစ်ကိုယ်တည်း အထီးကျန်မှု၊ မချိတင်ကဲခံစားရမှု၊ စိတ်နှလုံးနှောက်ကြုခြင်း၊ သို့မဟုတ် အအေးလွန်းခြင်းဒဏ်၊ ဆာလောင်ခြင်းဝေဒနာများနှင့် ရင်ဆိုင်မကြုံတွေ့သေးရင် သင်ဟာ သန်းပေါင်းများစွားသော လူတို့ထက် သက်သာရာ ရနေသေးသောကြောင့် ကိုယ့်ကိုကိုယ် အားရကျေနပ်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။

If you can participate in religious activities
Without fear of harassment,
Arrest, torture, or death,
Congratulations, you have more freedom than 1.5 billion people

နှောက်ယှက်မှု ကြောက်ရွံ့မှု ကင်းကင်းဖြင့် သင်ဟာ ဘာသာရေးလှုပ်ရှားမှုတွင်း ပါဝင်ဆင်နွဲနိုင်နေသေးရင်၊ အချုပ်အနှောင်ခံရမှု နှိပ်စက်ညှင်းပန်းမှု၊ သို့မဟုတ် မသေသေးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သိမ့်နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ၁.၅ ဘီလျံလောက်သော လူတို့ထက် များစွာသာလွန်လျက် လွတ်လပ်မှုကို ရရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you have food,
Have clothes to wear,
There is a place to live, congratulations,
You are richer than 70% of the world

သင့်မှာ စားဖို့ အစားအစာ၊ ၀တ်ဖို့ ၀တ်ဆင်စရာနှင့် နေထိုင်ဖို့ နေစရာလေးတစ်ခု ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ကမ္ဘာကြီးရဲ့ ၇၀% ထက် ချမ်းသာနေသေးသောကြောင့် ဖြစ်ပေသည်။

If you have saving in the bank,
Wallet with money,
There are some coin left, congratulations,
You are among the world's top 10% of the rich.

သင့်ဟာ ဘဏ်ထဲမှာ ပိုက်ဆံထည့်ထားတယ်၊ လက်ကိုင်အိပ်ထဲမှာလည်း ပိုက်ဆံရှိနေသေးတယ်၊ လက်ထဲမှာလည်း ငွေအချို့ ကျန်နေသေးတယ်ဆိုရင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်စမ်းပါ၊ အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀-ယောက် စာရင်းထဲ သင်ဟာ တစ်ယောက်အပါအ၀င် ဖြစ်နေသောကြောင့်တည်း။

If you often looked up with a smile,
And the heart to thank God,
You are happy,
Because most people can but will not do so.

သင်ဟာ မကြာမကြာ ဘုရားသခင်ရဲ့ ကျေးဇူးတော် နှလုံးသားနှင့် အပြုံးပန်းဆင်ပီး ကိုယ့်ကိုကိုယ် ကြည်ညိုနေနိုင်သေးရင် သင်ဟာ ပျော်ရွင်တဲ့ဘ၀ပိုင်ရှင်ပဲ။ ဘာကြောင့်လည်းဆိုတော့ လူများစွာတို့ဟာ သူတို့ စွမ်းဆောင်နိုင်သလောက် လက်တွေ့ လုပ်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

If you are able to hold someone's hand,
Or give them a hug,
Or pat them on the shoulder,
Congratulations, because you are with the ability to heal people's hearts

သင်ဟာ တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်နိုင်တဲ့ စွမ်းအားရှိနေသေးရင်၊ သို့မဟုတ် သူတို့ကို နွေးထွေးစွာ ပွေ့ဖက်နိုင်စွမ်း ရှိနေသေးရင်၊ သို့မဟုတ် သူတို့ရဲ့ဖခုံးကို ဖွဖွလေး ဆုတ်ကိုင်နိုင်တဲ့ စွမ်းအားမျိုး ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင့်မှာ လူတို့ရဲ့ နှလုံးသားများကို ကုစားနိုင်တဲ့စွမ်းရည် အရည်အချင်း ရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you can read this article
That is double fortunate:
Some people think of you as a friend,
And there are 1.5 billion people illiterate

သင်ဟာ ယခုလို့ ကံအားလျှော်စွာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ပြန်ထားသော ဒီစာစုကို ဖတ်နိုင်စွမ်း ရှိနေရင် ကမ္ဘာပေါ်မှာ စာမတတ်သူ ဦးရေ ၁.၅ ဘီလျံ ရှိတဲ့အထဲ လူတစ်ချို့က သင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ကြမှာပါ။ 

You probably never think of
How lucky you are now!

သင်ဟာ သေချာသလောက်ပဲ တကယ်ပါပဲ သင် ဘယ်လောက် ကံကောင်းသလဲဆိုတာ 
ဘယ်တော့မှ မစဉ်းစားဘူးလေ။

Wellness And Happiness is always with You!
ထာဝရ ကျန်းမာ ပျော်ရွင်နိုင်ပါစေ

posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ