Friday, July 23, 2010

အမှားအမှန်

အမှားကိုမြင်၊ အမှန်ပြင်သင့်၊ သို့သော်ငြားလည်း၊ ပြင်လေမှားလေ၊
မှားလေဝေးလေ၊ မနီးစပ်ပေ၊ အမြင်မှန်ကို၊ ရခြင်မိသည်။

အမှန်ရှိလျှက်၊ အမှန်မမြင်၊ အမှန်ကိုမှား၊ သူကားထင်မိ၊ 
အမှန်သို့သွား၊ မှားမြဲမှားပေါ့၊ ဘယ်နားသူမှား၊ သူကားမခြင်၊ 
အမြင်မှန်ကို၊ ရခြင်မိသည်။

သဘာဝတရား၊ မမှားဘူးလား၊ တရားဓမ္မ၊ အမှန်ချည်းလား၊ 
ထိုကားအမှန်၊ ဒါကအမှား၊ ခွဲခြားဖို့ရန်၊ ညဏ်အခြေခံ၊ ဧကန်ရှာသင့်ပြီ။

ညဏ်ဆိုသည်ကား၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်၊ 
ဝေဖန်ခွဲခြား၊ တတ်သိသဘော။

လူမှန်ရပ်မှန်၊ ရှေးကောင်းမှုမှန်၊ စိတ်ထားမှန်မှန်၊ အကျိုးပေးသန်၊
မှန်မှန်ကန်ကန်၊ လမ်းသင့်မှန်ကို၊ နည်းသစ်ခံကာ၊ လျှောက်သင့်ပြီတည်း။

Thursday, July 22, 2010

Decorative Magnets on Refrigerators (Cancer warning)



         A number of researchers at Princeton 's University have discovered
something scary!.

        For several months, they were feeding two groups of mice: the first
group with food kept in a refrigerator, and the second group with food kept
in a refrigerator as well but with several decorative magnets on the door.

        The objective of this experiment was to see how electromagnetic
radiation (that coming out from the decorative magnets on the door)
affect food items. Amazingly, rigorous clinical studies stated that
the group of mice that consumed the "radiated" food had as much as 87
% higher probability to get cancer than the other group of mice.

       Inexplicably no Governments or health associations/institutions have
given any statement on this regard. However and just in case, is
recommendable to remove any decorative magnet from refrigerators,
and put it far away from any food.

Kindly pass this information to your contacts.

Saturday, July 17, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၂)

အမြတ်ဆုံးရတနာ(အပိုင်း-၂)

           ပုရိသရတနာနှင့် အိတ္ထိယရတနာတို့တွင် ပုရိသရတနာမြတ်သည်ကို လေ့လာပြီးနောက် အခုတစ်ခါ (၄)ပုရိသရတနာ-ယောက်ျားရတနာတို့တွင်လည်း သာသနာတော်တွင်း ၄း၁။ သာမဏေ-ကိုရင်ရတနာနှင့် ၄း၂။ ဘိက္ခူ-ရဟန်းရတနာဟူ၍ နှစ်မျိုးခွဲခြား ထွက်လာပြန်သည်။
        ကိုရင်သာမဏေတို့သည် သေခိယသိက္ခာခေါ် သေးငယ်သောကျင့်ဝတ်(၇၅)သီလများကို ကျင့်သုံးရသည့်အပြင် ရဟန်းတော်တို့အပေါ်၌ ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ်များကိုလည်း ပြုစုလုပ်ကြွေးရလေသည်။ “၀တ်တရားမကျေသော သူသည် သီလကို ဖြည့်ကျင့်သည်မမည်။ သီလမစင်ကြယ်သော သူသည် ပညာအရာမထွန်းပနိုင်၍ စိတ်၏တည်ကြည်မှုကို မရ။“ အစရှိသည်ဖြင့် သာမဏေငယ်လေးတွေကို ရဟန်းတော်များ ဆိုဆုံးမရလေသည်။
    သို့သော် လူပုဂ္ဂိုလ်အနေဖြင့်ကား ကိုရင်သာမဏေပဲ မလောက်လေးမလောက်စာဆိုပြီးကာ အထင်သေးအမြင်သေးလျှက် ခေါင်းပုတ်၊ ခိုင်းစေ၊ ငေါက်ငမ်းပြောဆိုပါက သာသနာတော်ကို အလားတူစော်ကားရာ ရောက်သောကြောင့် ပြစ်မိမှားပြုလုပ်သူများ အပြစ်ကြီးလေးလပါပေသည်။ မွေးကျေးဇူးထောက်၍ သားသမီးများက မိဘကို ရှိခိုးပူးဇော်ဦးခိုက်ထိုက်ပေမယ့် ကိုယ်မွေးသည့်သား သာသနာဘောင်တွင်း သာမဏေငယ်အဖြစ်ဖြင့် သာသနာ့ဝန်ကို ထမ်းရွက်နေပီဆိုရင် ဘုရားသားတော်သာလျှင် မည်တွင်သောကြောင့် ဂုဏ်အားဖြင့် မြင့်တက်သွားရကား မိဘသည်ပင် ရှိခိုးဦးခိုက်ရလေတော့၏။ ထိုထက်လွန်ကာ ရဟန်းတော်များကိုကား အတိုင်းအထက်ပင် ရိုသေးလေးစားမြတ်နိုး ဦးခိုက်ရပေမည်။
      ငါးပါးသီလလုံခြုံသူကို နတ်သိကြားကပင် ရှိခိုးရသည်ကို ထောက်ဆရင် ကိုရင်လေးသည် နတ်၊ သိကြား၊ ဗြဟ္မာတို့ထက်ပင် မြင့်မြတ်လေရကား အဘယ်မှာပင် ဆိုဖွယ်ရာရှိပါတော့မည်နည်း။ ရိုသေလေးစား ရိုခိုးအပ်သည်သာတည်း။ မြတ်စွားဘုရားရှင်လက်ထက်တုန်းက ကိုရင်လေး ရှင်သောပါကသည် ခုနှစ်သားအရွယ်သာ ရှိသေးသည်။ သို့သော် နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော ရဟန္တာသာမဏေတည်း။ ရိုးရိုးပုထုဇဉ် သာမဏေမဟုတ်။ ဒါပေသိ သာမဏေလေး၏ဂုဏ်အရည်အချင်းကို မသိကုန်သော လူကြီးပိုင်းများ၊ ကိုရင်ကြီးများ၊ ရဟန်းတော်များက နောက်ပြောင်ကျီစယ်၊ ခေါင်းပုတ် လက်ဆွဲ လုပ်ကြ၏။
      ဤသည်ကို သတိပြုလေ့လာမိသော မြတ်စွာဘုရားက ဥပမာပြ၍ သတိပေးတော်မူသည်။  “ အဆိပ်ရှိသော သတ္တ၀ါကို သေးငယ်တယ်ဆိုပြီး မလေးမခန့် မပြုလုပ်ရာ၊ အဆိပ်မိကာ သေနိုင်သည်။ ဦး၈ျိုရှိသော၊ အစွယ်ရှိသော သတ္တ၀ါကို အထင်မသေးရာ၊ အန္တရာယ်ပြုနိုင်သည်။ ထို့အတူပင် ကိုရင်ငယ်ဆိုပြီးကာ မလေးမစားမပြုရာ အကုသိုလ်အပြစ်ထိုက်သည်။“
ထို့အတူပင် ရဟန်းတော်များသည်ကား ကိုရင်သာမဏေထက် ဂုဏ်အားဖြင့် မနိုင်းယှဉ်နိုင်အောင် များပြားလ၏။ ရဟန်းတော်များသည် ၂၂၇-သွယ်အကျဉ်း သိက္ခာပုဒ်စည်းမျည်းကို စောင့်ထိမ်းရသည်သာမက အကျယ်အားဖြင့် ကုဋေ ၉-ထောင်ကျော်သော ၀ိနည်းစည်းကမ်းများကို မကျိုး၊ မပေါက်၊ မပြောက်၊ မကြားအောင် စိတ်အလိုမလိုက်ဘဲ ဘုရားသားတော်များပီပီ အဖရဲ့ဂုဏ်ကို ဆောင်လျက် စောင့်ထိမ်းကြရပေသည်။ ထို့ကြောင့် ရဟန်းတော်များသည် ကိုရင်သာမဏေများထက် ပိုမိုကာ ရိုသေလေးစား ဆည်းကပ်သင့်လသည်မှာ အထူးဆိုဖွယ်ရာ မရှိပေ။ သာမဏေသည် ရဟန်းတော်၏သား၊ ဘုရားရှင်သည် အဖိုး။
         သဒ္ဒါကျမ်း၌ “သမဏဿ အပစ္စံ သာမဏေရော“ဟု ၀ိဂ္ဂဟပြုလေသည်။ အနက်မှာ “ရဟန်းတော်၏ သားတော်ဖြစ်သောကြောင့် သာမဏေမည်၏“ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် သာမဏေထက် ရဟန်းက မြတ်ပေသည်။ ဤသို့ဖြင့် ကိုရင်သာမဏေများသည် ရဟန်းတော်တို့၏ အလုပ်အကြွေးသာ ဖြစ်သောကြောင့် ဘိက္ခူ(ရဟန်း)ရတနာက သာမဏေ(ကိုရင်)ရတနာထက် မြတ်သည်ဟု မှတ်သားရပေမည်။
မှတ်ချက်။ ။ သမဏ=ရဟန်း၊ ဦးပဉ္ဖင်း။ သာမဏေရ=ကိုရင်၊ မောင်ရင်၊ သာမဏေ။
         ရဟန်းဟုဆိုရာ၌ ရဟန်း၊ ရဟန်းမ ဟူ၍ သာသနာမှာ နှစ်မျိုးနှစ်စားရှိနေသည်။ ရဟန်းကို “ဘိက္ခူ“ ဟုခေါ်၍ ရဟန်းမကို “ဘိက္ခူနီ“ဟုခေါ်ဆို၏။ သာမဏေမှာလည်း သာမဏေ(ကိုရင်ယောက်ျား) သာမဏေရီ(သာမဏေမ) ဟူ၍ နှစ်မျိုးရှိလေသည်။ နောက်တစ်မျိုးမှာ သိက္ခာမာန(သိက္ခာမာန်=သိက္ခာပုဒ် ကျင့်ဆဲပုဂ္ဂိုလ်)ဟု ၀ိနည်း၌ တွေ့ရ၏။ သူ့ကိုလည်း ဘိက္ခူနီနှင့်ပတ်သက်ပီး ဘိက္ခူနီမပြုခင် ရှေးဦးကျင့်ဖွယ်ရာကို ကျင့်သုံးနေထိုင်ရသူပင် ဖြစ်သည်။
         ထိုကြောင့် ၅။ ဘိက္ခူရတနာတွင်လည်း ၅း၁။ ဘိက္ခူရတနာနှင့် ၅း၂။ ဘိက္ခူနီရတနာဟူ၍ နှစ်မျိုး ထွက်ပေါ်လာ၏။ ထိုရတနာနှစ်မျိုးတွင် ဘိက္ခူရတနာ(ရဟန်းရတနာ)သည်သာ ဘိက္ခူနီ(ရဟန်းမ)ထက် မြတ်ပေသည်။ ရဟန်းမဟု ဆိုရာ၌ မိန်းမဘ၀ဖြင့် ရဟန်းပြုလာသူကို“ ရဟန်းမ“ဟုခေါ်သည်ဟု မှတ်ရမည်။
    မြတ်စွာဘုရားလက်တော်မှအစပြု၍ မြတ်စွာဘုရားပရိနိဗာန်ဝင်စံပြီး နောင်နှစ်ပေါင်း ၂-ရာကျော်တိုင်တိုင် ဘိက္ခူနီသာသနာ တည်ရှိနေပေသေးသည်။ ယခုအခါမှာတော့ ဘိက္ခူနီသာသနာ မရှိတော့ပေ။ သို့သော် သီဟိုဠ်ကျွန်းမှာကား “ဘိက္ခူနီ“ဟုခေါ်ဆိုသော ရဟန်းမများ တွေ့မြင်နိုင်ပေသေး၏။ (ဘိက္ခူနီသာသနာ ယခုမျက်မှောက် ရှိသင့်၊ မရှိသင့်။ မြန်မာပြည်၌ အဆုံးအဖြတ်ပြုထားသည်ကို လေ့လာသင့်၏။ စကားချပ်။)
       ဤနေရ၌ မေးစရာ ရှိလာသည်။ ဘိက္ခူနီသာသနာဝယ် ဒိပ်ဒိပ်ကျဲပုဂ္ဂိုလ်တွေ ရဟန်းဝတ်လာတာ ရှိပေ၏။ မိထွေးတော် ဂေါတမီ(ဘုရားရှင်၏မွေးစားအမေ)၊ ယသောဓရာ(သိဒ္ဒတ္ထမိဖုရားဟောင်း)၊ ဇနပဒကလျာဏီ(နန္ဒမင်းသားဇနီးလောင်း)၊ ခေမာ- စသော သာကီဝင်မင်းသမီးများ၊ အနောဇာမိဖုရားစသော မင်း၏မိဖုရားများ၊ ထိပ်တန်းသူဌေးသမီးများ၊ ပညာတတ်ပီး ပစ္စည်းပေါ မိန်းမမြတ်များ အများအပြာပင် သာသနာတော်တွင်းဝင်ရောက်ကာ ရဟန်းမ=ဘိက္ခူနီဝတ်ကြပေ၏။ ထိုသို့ ထိပ်တန်းပုဂ္ဂိုလ်တို့ ပြုသော သာသနာဖြစ်သော်လည်း သာသနာတော်သည် ကြာရှည်အောင်မတည်ခြင်းကား အဘယ်ကြောင့်ပါနည်း။
      အမှန်အားဖြင့် မြတ်စွားဘုရားရှင်သည် ဘိက္ခူနီသာသနာကို ပေါ့ပေါ့တန်တန် အလွယ်တကူ တည်ထောင်ခွင့် ပြုခဲ့သည် မဟုတ်ပေ။ မိထွေးတော်ဂေါတမီအမှုးပြုသော သာကီဝင်မင်းသမီးပေါင်းသည် ဘိက္ခူနီပြုခွင့်ရရန် ဒုက္ခခံပီး အပြင်းအထန်ကြိုးစားခဲ့ရသည်။ နောက်ဆုံး အရှင်အာနန္ဒာ၏ စကားပြောကောင်း၊ အလျှောက်ကောင်းသဖြင့်သာ မြတ်စွာဘုရားက “အေး၊ ကောင်းပီ အာနန္ဒာ၊ ဂရုဓမ်(၈)ပါးကို တသက်လုံး လက်ခံကျင့်သုံးမယ်ဆိုရင် ငါ ခွင့်ပြုမယ်“ မိန့်တော်မူပြီး လိုက်လျောခဲ့ပေသည်။
        ဘိက္ခူနီများအတွက် စည်းကမ်းချပညတ်ရာမှာလည်း ရဟန်းတော်တွေထက် ပါရာဇီက(၄)ပါး ပိုမို၍ ထည့်သွင်းကာ တင်းတင်းကျပ်ကျပ် ပညတ်ထားပေသည်။ မိန်းမတို့မည်သည် မာနကြီးလေ့ရှိသည်။ တုဖက်ပြိုင်တတ်သည်။ သူလည်းရဟန်း၊ ငါလည်းရဟန်း ဘာကြောင့် အရိုအသေပေးရမည်နည်း။ ဤကဲ့သို့ အကြောင်းတရားကို ကောင်းကောင်းသိတော်မူသော ဘုရားရှင်သည် ဘိက္ခူနီဝတ်၍ ၀ါ(၈၀)ရနေသော်လည်း ယနေ့ ရဟန်းဝတ်ကာ သိမ်မှထွက်ခါစ ရဟန်းသစ်ကလေးကို ရှိခိုးရမယ်၊ အရိုအသေပေးရမယ်ဟူ၍ ပညတ်ထားခဲ့ပေသည်။
ထိုကြောင့် ဘိက္ခူနီရတနာထက် ဘိက္ခူရတနာက ပို၍ မြတ်ပါသည်။

ဂရုဓမ်(၈)ပါး
၁။ နှစ်တရာရှိ ဘိက္ခူနီပင်ဖြစ်ပစေ ယနေ့မှ ရဟန်းဖြစ်လာသူ ရဟန်းသစ်ကို တသက်လုံး ရှိခိုးရမည်၊ လက်အုပ်ချီပြုစုရမည်။
၂။ ၀ါတွင်းကာလ၌ ဘိက္ခူနိသည် ရဟန်းမရှိသောကျောင်းဝယ် ၀ါမကပ်ရ။ တသက်လုံး လိုက်နာရမည်။
၃။ လခွဲတိုင်း ဥပုသ်ပြုကာ၊ သြ၀ါဒခံယူရမည်။
၎။ ၀ါကျွတ်လျှင် နှစ်ဖက်သော သံဃာမှာ ပ၀ါရဏာပြုရမည်။
၅။ ဂရုဓမ်ကျိုးပေါက်ရင် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကျင့်ရမည်။
၆။ နှစ်နှစ်တိုင်တိုင် သိက္ခာ(၆)ပါး ကျင့်ပြီးသော သိက္ခာမာန်သည် နှစ်ဖက်သံဃာ၌ ရဟန်းခံဖို့ ခွင့်တင်ရမည်။
၇။ ဘိက္ခူနီတစ်ပါးပါးသည် မည်သည့်အကြောင်းကြောင့်နှင့်မျ ဘိက္ခူသံဃာကို မဆဲရေးရ၊ မပုတ်ခတ်ရ။ တသက်လုံး စောင့်ထိမ်းရမည်။
၈။ ဘိက္ခူနီသာသနာတွင်း ၀င်လာသည့်နေ့မှစ၍ ဘိက္ခူနီတို့က ရဟန်းတော်တို့အား ပြောဆိုဆုံးမခွင့်ကို ပိတ်လိုက်သည်။ ဘိက္ခူနီသည် ဘိက္ခူတို့အား ပြောဆိုခွင့် မရှိ၊ တသက်လုံး လိုက်နာကျင့်သုံးရမည်။
                    (၀ိနယ ၊စူဠ၀ဂ္ဂ၊ ၄၀၃) မှတ်ချက်။ ။ မရှင်းတာရှိရင် စီပုံးမှာ အော်ခဲ့ပါ။
                                          အပိုင်း(၃) ဆက်လက်ဖတ်ရှုရန်

Friday, July 9, 2010

စိတ်ကြည့်မှန် (၂)

ဓမ္မအားလုံး၊ စိတ်ကရှေ့ဆောင်၊
စိတ်သည်အကြီး၊ စိတ်ဖြင့်ပြီးသည်၊
စိတ်ရင်းကြည်လင်၊ ပြောပြုခြင်းကြောင့်၊
မခွါသူ့မှာ၊ ချမ်းသာမြဲ၍၊ ဆင်းရဲကင်း၏။
ဗုဒ္ဓမြတ်စွား၊ ဟောလတ်သည်မှာ၊
ဘိက္ခဝေတို့၊ စွန့်ခွါမရ၊
သွားရာလိုက်သည့်၊ အရိပ့်ပမာ၊
ယှဉ်ကာနှိုင်းယူ၊ စိတ်မူရှင်းရှင်း၊ မှတ်လေမင်းတည်း။

All mental phenomena have mind as their forerunner;
they have mind as their chief;
they are mind-made.
If one speaks pr acts with a pure mind,
Happiness(sukha) follows him like a shadow that never leaves him.
(Verse-2, Dhammapada

Monday, July 5, 2010

စိတ်ကြည့်မှန်(၁)


ဓမ္မအားလုံး၊ စိတ်ကရှေ့ဆောင်၊
စိတ်သည်အကြီး၊ စိတ်ဖြင့်ပြီးသည်၊
ပြစ်မှားစိတ်တွင်း၊ ပြောပြုခြင်းကြောင့်၊
ထိုပြုသူ့ကို၊ ဆင်းရဲများထို၊ လိုက်၏ဆိုကြ။
ဗုဒ္ဓမြတ်စွာ ၊ ဟောလတ်သည်မှာ၊
ဘိက္ခဝေတို့၊ နွားခြေရာနောက်၊
စဉ်ဆက်ရောက်သည့်၊ လည်းဘီးအစုံ၊
ပမာမယွင်း၊ မှတ်လေမင်းတည်း။
All mental phenomena have mind as their forerunner;
they have mind as their chief;
they are mind-made.
If one speaks pr acts with an evil mind,
‘dukkha’ follows him just as the wheel follows the hoof-print of the ox that draws the cart.
(Verse-1, Dhammapada)

Friday, July 2, 2010

အဆင်သင့်ပြင်ထားပါ

အဆင်သင့်ပြင်ထားပါ


”သင့်စိတ်က အဆင်သင့် ဖြစ်နေလျှင် အရာခပ်သိမ်းလည်း
သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်။”

(၀ီလျှံ ရှိတ်စပီးယား (1564-1686) အင်္ဂလိပ် ပြဇာတ်ရေးဆရာ)

ထိုစကားအလွန်မှန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ့်အားကိုယ်ကိုးကြီးပွားလိုသူသည် ပထမဦးစွာ ကိုယ်တိုင် လေ့လာကြိုးစားလုပ်ကိုင်ရသောကြောင့် ဖြစ်သည်။ ယင်းသို့ကိုယ်တိုင် လေ့လာကြိုးစား လုပ်ကိုင် ရာတွင်လည်း နေ့စဉ် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မှန်ကန်စွာ ရယူအသုံးချတက်ဖို့လိုသည်။ ထိုအချက်သည် အောင်မြင်ကြီးပွာလိုသူ၏ တစ်ခုတည်းသော အောင်မြင်ရေးသော့ချက်ပင်ဖြစ်သည်။
         သို့သော်လည်း လူများစုသည် နေ့စဉ် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မယူတက်ကြ၊ ယူရန်လည်း အားမထုတ်ကြ။ အထူးသဖြင့် လူငယ်အများစုသည် "အချိန်သိပ်မရှိဘူး၊ အခြေအနေ မပေးဘူး၊ ကူညီမယ့်သူမရှိဘူး" ဆိုကာ အခွင့်အလမ်းကို မောင်းထုတ်ပစ်နေကြသည်။
       တကယ်တော့ ထိုဆင်ခြေသည် မိမိကိုယ်တိုင် လိမ်ညာနေခြင်းသာ ဖြစ်သည်။ အချိန်၊ အခြေအနေနှင့် အထောက်အကူ ဆိုသည်မှာလည်း ရှိနေပြီးသား၊ မိမိကိုယ်နှိုက်က အားထုတ်ပြီး ရှာဖွေရယူဖို့သာ လိုသည်။ တစ်ခုတော့ရှိသည် ကြီးပွားချင်သူသည် ဖြစ်နိုင်တာကိုသာ တွေးရမည်၊ ဖြစ်နိုင်တာကိုသာ လုပ်ရမည်။ မဖြစ်နိုင်တာတွေကိုတွေးပြီး လေဖမ်း ဒန်းစီးနေလိုကတော့ ဘာမှ ဖြစ်လာနိုင်မည်မဟုတ်။ အချိန်မရှိဘူးဟု တွေးနေသူတွင် အနည်းဆုံးတော့ အလကား အားလပ်နေချိန်အနေဖြင့် အိပ်ချိန်တော့ အနည်းနှင့်အများ ရှိဦးမည်သာဖြစ်သည်။ ကြီးပွားချင်လျှင် အားလပ်ချိန်ကို အချည်းအနှီး မကုန်လွန်စေဘဲ ရသမျှ အချိန်အပိုင်းလေးတွင် တစ်ခုခုအတွက် အကျိုးရှိအောင် အသုံးချရမည်။ အိပ်ချိန်ကို နည်းနည်းလျှော့ပြီး မိမိ စိတ်အားထက်သန်သော ၀ါသနာ အလုပ် တစ်ခုခုကို လုပ်ရမည်။

           သို့သော် အလကားတော့ ဘာကိုမှ မရနိုင်။ ကြီးပွားချင်လျှင် အနစ်နာခံရသည်၊ စွန့်လွှတ်ရသည်။ မိမိလိုချင်သော အရာအတွက် ပထမဦးစွာ ရင်းနှီးမြှုတ်နှံရသည်။ သို့မှသာ အကျိုးအမြတ် ထွက်လာမည် ဖြစ်သည်။ ကြီးပွားချင်သူသည် မိမိ ဖြစ်ချင်သောအရာ လုပ်ချင်သောအရာကို အသည်းနှလုံးထဲတွင် စွဲမြဲစွာ ခံယူသိမ်းဆည်း ထားရမည်။ ချစ်သူကို အသည်းစွဲနေသလို စွဲနေရသည်။ ယင်းသို့ဆို ပြီးနောက် လက်တွေ့ အကောင်အထည် ဖော်ရန်သာ ရှိတော့သည်။
         အလုပ်တစ်ခု လုပ်ရာတွင် နည်းလမ်းရှာဖွေခြင်းနှင့် လက်တွေ့ လုပ်ကိုင်ခြင်းသည် အကြမ်းအားဖြင့် နှစ်ပိုင်းရှိသည်။
ပထမပိုင်းတွင် မိမိလုပ်ချင်သော လုပ်ငန်းနှင့်ပတ်သတ်သောပညာ၊ သို့မဟုတ် ဗဟုသုတကိုရှာ ရသည်။ လုပ်နည်းကိုင်နည်းကို ဆည်းပူးရသည်။ သို့မှသာ လက်တွေ့လုပ်ကိုင်သောအခါ လွယ်ကူချောမေမည်။ အောင်မြင်ပေါက်မြောက်မည်။
ယနေ့ သမိုင်းဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် တစ်ချိန်သော အခါက ကြီးပွားတိုးတက်ရန် ဘာအခွင့်အလမ်းမှ မရှိသူများ အဖြစ် လူအများစုက အထင်ခံရသူများ ဖြစ်ကြောင်း သတိရပါ။ ကမ္ဘာ့အံ့ဖွယ် တီထွင်မှု့များကို ပြုလုပ်ခဲ့ကြသူများမှာ သှူုလိုငါ့လို သာမာန်လူများပင် ဖြစ်ကြောင်း သတိရပါ။
        အမေရိကန်တွင် ဖရက်ဒေါက်ကလပ် ဆိုသူသည် မြေကျွန်အဖြစ်မွေးဖွားလာခဲ့သည်။ အရေး အဖတ်ကို လမ်းဘေးပိုစတာကြေငြာများဖတ်ပြီး စာတက်လာခဲ့ရသည်။ နောက်ပိုင်းတွင် ကိုယ့်အားကိုယ် ကိုးကြိုးစားမှု့ဖြင့် ရသမျှ အချိန်ပိုင်းကလေးများတွင် ပညာဆည်းပူးခဲ့သည်။ ထိုသို့ဖြင့် သူသည် နောက်တစ်ချိန်တွင်သံအမတ်ရာထူးကို ဆွတ်ခူးနိုင်ခဲ့ပါသည်။
        AB-လင်ကွန်းသည် ရေးစရာကျောက်သင်ပုန်း မရှိသောကြောင့် ပေါတ်တူးပြားတွင် စာရေးရသည်။ လမ်းဘေးမီးတိုင်အောက်တွင် စာဖတ်ရသည်။ မိုင်လေးဆယ်ကျော် ခရီးကို လမ်းလျှောက်ပြီး စာအုပ်သွားငှားရသည်။ လမ်းတွင် စာအုပ်ကို ဖွင့်ဖတ်လာရာ စာမျက်နှာ တစ်ရာကျော် အထိပြီးအောင် ဖတ်ခဲ့သည်။ ထိုနည်းဖြင့် သူသည် နာမည်ကျော် ရှေ့နေဘ၀မှတဆင့် နိုင်ငံတော်သမ္မတကြီး ဘ၀အထိ တက်လှမ်းနိုင်ခဲ့သည်။

       စင်စစ် အခွင့်အလမ်းသည် အလုပ်အကိုင်ပေါ်တွင် မတည်၊ မိမိ ကိုယ်တိုင် အပေါ်တွင်သာ တည်သည်။ မိမိ၏ တိုးတက်ကြီးပွားရေးသည် အပြင်ဘက်တွင်မရှိ မိမိ၏ အတွင်းသန္တာန်ထဲတွင်သာရှိသည်။
အောင်မြင်မှုသော့ချက်သည် အခွင့်အလမ်းကို သိမြင်တက်ခြင်း နိုးကြားတက်ကြွမှုရှိခြင်း၊ ခေတ်မှီတိုးတက်သော အယူအဆများကို ခံယူခြင်းတို့ပင် ဖြစ်သည်။ မျက်စိကိုဖွင့် နားကိုစွင့်ပြီး အခွင့်အလမ်းကို မြင်တက်သော လူငယ်တစ်ဦးအဖို့ တိုးတက်လမ်းသည် ပွင့်လင်း ဖြောင့်ဖြူးနေရမည်သာဖြစ်သည်။
ထို့ကြောင့်မောင်တို့ မယ်တို့ နိုးထကြလော့၊ တက်ကြွ ကြလော့။
       အခွင့်အလမ်းကို ဖန်တီးနိုင်သော "စွမ်းအား" သည် အပြင်မှာမရှိ၊ မိမိ၏ အဇ္စုတ္တ အတွင်းသန္တာန်ထဲမှာသာ ရှိသည်။ ထိုစွမ်းအားကို တိုးပွား အောင်ပြုလုပ်ရန်မှာလည်း မိမိကိုယ်တိုင်၏ အလုပ်သာဖြစ်သည်။
   လူတိုင်းသည် တူညီသော အခွင့်အလမ်းဖြင့်မွေးဖွားလာကြသည်။ လူတိုင်းသည် ကြီးပွားတိုးတက်ခွင့်ရှိသည်၊ အောင်မြင်ကျော်ကြားခွင့် ရှိသည်။
အခြေအနေတွေက မည်သို့ပင် ဖန်တီးနေပါစေ၊ မည်မျှပင်ခတ်ခဲရှုတ်ထွေးနေပါစေ၊ မိမိဘာသာ မျက်စိကိုဖွင့်၊ နားကို စွင့်ပြီး အခွင့်အလမ်းကို မလွတ်တမ်း ရယူနိုင်လျှင် အောင်မြင်မှု့ပန်းတိုင်ကို မလွဲမသွေ ရောက်ရမည်သာတည်း။ ။
ကျေးဇူးတင်ပါတယ်၊
မထူးခြားမှု ရှိမရှိ ကိုယ်တိုင်စမ်းသပ် လုပ်ကိုင်တော့မှ သိပေလိမ့်မည်။

(မူလပို့စ်ပိုင်ရှင်=မောင်ပေါ်ထွန်း။ ဘာသာပြန်။
အားလုံးဖတ်သင့်တယ်ယူဆသဖြင့် လက်ဆက်ကမ်းမျှဝေခြင်း ဖြစ်၍ မူလပို့စ်ပိုင်ရှင် ခွင့်ပြုမယ်ထင်သည်။)