Saturday, January 16, 2010

ပရဟိတစိတ်ဓာတ်လွန်မြင့်မြတ်


ပရဟိတပြုလုပ်ကြ
(မင်းသားအများစုတွေထဲမှ မင်းသားခန့်စည်သူရဲ့ ပရဟိတစိတ်ဓာတ်ကို သဘောကျလို့ ဖေါ်ပြလိုက်ရပါသည်။)

ခန့်စည်သူကို “အများနှင့်မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ယခုနှစ်အကယ်ဒမီပေးပွဲတွင် အကယ်ဒမီရမည်ဟု အနုပညာ အသိုင်းအ၀ိုင်းတွင်းကရော ရုပ်ရှင်ချစ်ပရိသတ်တွင်းကပါ ခန့်မှန်း ထင်ကြေးပေးသံများ ၂၀၁၀နှစ်ဆန်းပိုင်းတွင် ညံနေသည်။ ရုပ်ရှင်မင်းသားဆိုသည့် သူ့ဘ၀၏
ရပ်တည်ချက်နောက်ကွယ်က သူ့ရဲ့လူမှုရေးလုပ်ငန်းများအကြောင်းကို လှူဒါန်းမှုသတင်းများကတစ်ဆင့် သိသူလည်း သိနေကြပေမည်။ 
“ပိုက်ဆံ အရမ်းချမ်းသာလည်း ဘယ်သူမှ ထမင်းဆယ်နပ်တော့ မစားနိုင်ကြပါဘူး” 

Wednesday, January 13, 2010

ရည်မှန်းချက်ပန်းတိုင်




အိပ်မက်တွေ  မပျောက်ဆုံးစေခြင်  

အဖြစ်အပြစ်လေးတစ်ခု ရှိခဲ့သည်။ အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းသည်။ ကျောင်းသားတစ်ဦးက သူ့ရည်မှန်းချက်ကို ဗလာစာအုပ်ပေါ်တွင်  ချက်ချင်းချရေးခဲ့သည်။  "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ 

Tuesday, January 12, 2010

ဆင်ခြင်ဘွယ်


ကွန်ပြူတာသုံးသူတိုင်း သတိထားဖွယ်
 
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။ 


မြန်မာဗုဒ္ဒ္ဒဘာသာများသို့


မျိုးရိုး၊ ဘာသာ ချစ်တတ်ပါ

နတ်သုဒ္ဒါတမျှ၊ ချိုစိမ့်လှသည့်
ဗန္ဒရသရက်၊ နွယ်ခါးယှက်၍၊
အသက်ဆုံးရှုံး၊ မျိုးတုံးခဲ့ရ
ရှေးသာဓက၊ ရှိခဲ့ကြ၏။

ဒို့အမျိုးဘာသာ၊ သာသနာသည်

Saturday, January 9, 2010

ဖြေဆည်ရာ


ချစ်ခင်သူတို့နှင့် ဝေးကွာခြင်းသည် ဆင်းရဲပါ၏။ မချစ်ခင်သူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်းဟာလည်း ဆင်းရဲပါ၏။
တစ်ခုခုစိတ်ထဲမှာအလိုမကျရင် စာပေဖတ်ခြင်းသည် စိတ်သောကတို့ ခဏတာအေးချမ်းနိုင်၏။

* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။

Wednesday, January 6, 2010

မျက်ဖြေလင်္ကာ

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကားသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်း
သာကား၊သမုဒ္ဒရာ၊ရေမျက်နှာထက်၊ခဏတက်သည့် ၊ရေပွက်ပမာ၊ တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊ မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။
(ပုဂံခေတ် နရပတိသည်သူ လက်ထက် အနန္တသူရိယအမတ်ကြီး (မြန်မာသက္ကရာဇ် ၄၇၃ - ၅၃၅) ကရေးသားခဲ့သည်။) သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...