Friday, January 14, 2011

Life for 2011


24. Your job won’t care of you when you are sick. Your friends will. Stay in touch.
25. Forgive everyone for everything.
26. What other people think of you is none of your business.
27. However good or bad a situation is, it will change.
28. Get rid of anything that isn’t useful beautiful of joyful.
29. Envy is a waste of time. You already have all you need.
30. The best is yet to come.
31. No matter how you feel, get up, dress up and show up.
32. Don’t overdo. Keep your limits.
33. Your inner most is always happy. So be happy.
34. Do the right thing!
35. Call your family often.
36. Each day give something good to others.
37. Please, forward this to everyone you care about.
38. Say thankful everyone who did help you and every day.

Happy New Year to All...

 posted by dhammasami08

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၇) နိဂုံး

မြတ်ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ပူဇော်ပီး ပြန်ရောက်လာကြသော စာရေးသူတို့ ဘုရားဖူးအဖွဲ့သည် ၀မ်းသာပီတိအဟုန်ကြောင့် သဒ္ဓါတရားများပေါ်ထွက်လာကာ မကုဋရာမမြန်မာကျောင်းနှင့် လင်္ကာဒီပကျွန်းအနှံ့ သီတင်းသုံးနေထိုင်နေကြသော မြန်မာသံဃာတော်များအတွက် ဒေါ်လာ ၄၀၀-ကို နေ့ဆွမ်းတစ်နပ်အတွက် ဆက်ကပ်လှူဒါန်းလေသည်။
ထိုကြောင့် စာရေးသူတို့လည်း ခရီးရောက်ရောက်ချင်းပင် ဆွမ်း၊ ဟင်းချက်ပြုတ်ရန်  ပြင်ဆင်ရပြန်ပါသည်။ ယခုအချိန်ကား စာသင်သံဃားများ တက္ကသိုလ်အသီးသီးမှာ စာမေးပွဲ ဖြေဆိုနေချိန် ဖြစ်နေသည်မို့ ဆွမ်းဟင်းချက်ပြုတ် ဝေယျာဝေစ္စလုပ်ဖို့ အင်အားနည်းပါးနေပေသည်။ သို့သော်လည်း ဒကာ၊ ဒကာမများ၏ စေတနာသဒ္ဓါတရားအစွမ်းကြောင့် နေ့ဆွမ်းအလှူတစ်ခု ပြီးစီးအောင်မြင်သွားပေသည်။
အလှူရှင်(အလှူငွေ) နည်းပါးလသည့်အပြင် ကုန်ကျစရိတ်များပြားလသော သီရိလင်္ကာရှိ မြန်မာစာသင်သား သံဃာတော်များအတွက် ဒီလိုမျိုးနည်းများမဆို (နေ့ဆွမ်းတထပ်) အလှူဒါနမျိုးသည် သံဃိကဒါနမြောက်၍ အင်မတန် မွန်မြတ်လပေသည်။ သာဓုခေါ်ထိုက်လပေသည်။
နေ့ဆွမ်းစားပီးနောက် အနားယူအပန်းဖြေကာ ၂-နာရီးလောက်မှာ ကိုလံဘိုမြို့တော်နှင့် မဝေးလသော ကလျာဏီသိမ်သို့ သွားရောက်ဖူးမြော်လည်ပတ်ကြပြန်ပါသည်။
ကလျာဏီစေတီ(သိမ်)။  ။ ကလျာဏီစေတီသည် ကလျာဏီမြစ်နံဘေး၌ တည်ရှိပီး ကိုလံဘိုမြို့တော်မှ ၆-မိုင်ခန့်သာ ဝေးပေသည်။ ကလျာဏီးမြစ်သည် စေတီပါဒတောင်(ခြေတော်ရာတောင်)မှ မြစ်ဖျားခံကာ စီးဆင်းလာသည်ဟု ဆိုပါသည်။
ကလျာဏီစေတီတော်သည် သမိုင်းဝင် ၁၆-ဌာနတွင်း တစ်ဌာနပါဝင်ပီး မြတ်စွာဘုရားသခင် ၈-၀ါအရမှာ နောက်ဆုံးနှင့် တတိယအကြိမ်မြောက် လင်္ကာဒီပကျွန်းသို့ ကြွရောက်တော်မူသည့်အခါ အဆိုပါ ကလျာဏီမြစ်နံဘေး၌ ရေတော်သန့်ပယ်ပြီး နဂါးမင်း၏တောင်းပန်မှုကြောင့် ရတနာပလ္လင်ထက်ဝယ် ထိုင်တော်မူလျှက် တရားရေအေး တိုက်ကြွေးတော်မူခဲ့ပေသည်။ ကလျာဏီစေတီဟူသည် အဆိုပါ ရတနာပလ္လင်ကို ထည့်သွင်းဌပနာထားခြင်း ဖြစ်ပေသည်။

ကလျာဏီသိမ်ဟူ၍ ခေါ်ဆိုရခြင်းမှာ မြန်မာနိုင်ငံတော်၊ ဓမ္မစေတီမင်းလက်ထက် ဟံသာဝတီ(ပဲခူး)မှ မြန်မာရဟန်းတော်များ ကြွရောက်၍ ကလျာဏီမြစ်အတွင်း ရေသိမ်ဖြင့် ရဟန်းခံခဲ့ဖူးပေသည်။ ထိုကြောင့် ကလျာဏီသိမ်ဟု အသိများကြသည်။ အမှန်မှာ ကလျာဏီသိမ် ဖူးမြော်သွားရောက်သော ဘုရားဖူးတို့သည် ကလျာဏီစေတီအား (ကပ်ကျော်-ကြည့်ရုံ  မလုပ်ဘဲ) အလေးအမြတ်ထား ဖူးမြော်သင့်လပေသည်။
စာရေးသူတို့အဖွဲ့ ကလျာဏီစေတီကို မုခ်ဦးဖက်မှနေ၍ တက်လာကြသည်။ အ၀င်မုခ်ဦးသည် ကလျာဏီမြစ်ဖက် မျက်နှာမူထားသည်။ လှေကားထက်နံဘေးမှာ ဆိုက်ဘုတ်တစ်ခု ထောင်ထားရာ ဖတ်ကြည့်လိုက်တော့ အောက်ပါအတိုင်း သိမှတ်ရသည်။ 
 ရှေးဟောင်းစာပေအရ မြတ်စွာဘုရား ၈-၀ါမြောက်မှာ ကြွရောက်ခဲ့ကြောင်း၊ နာဂမင်း မဏိအက္ခိသ တောင်းပန်၍ မူလကေလနိယကျောင်းတည်ရှိသော နေရာ၌ တရားဟောခဲ့ကြောင်း၊ ယခုအခါ တည်နေရာကို မမြင်နိုင်တော့ပေမယ့် ရှေးဟောင်းသုတေသနဖြင့် တွေ့ရှိခဲ့သော အနုရာဓပူရခေတ် အထောက်အထားတွေအရ ရေဆိပ်အနီး နေရာဖြစ်ကြောင်း၊ ကျောက်ပြား ကျောက်စာတွေကို ထောက်ဆ၍သာ သိရှိရကြောင်း၊ ကလျာဏီစေတီနှင့် ကပ်လျှက်ရှိသော ရုပ်စုံကျောင်းကြီးကတော့ ၁၈-ရာစုနှစ် လက်ရာဖြစ်ကြောင်းစသည်ဖြင့် ရေးထားလေသည်။
ကလျာဏီစေတီကို လက်ျာလှည့်ဖူးမြော်ပီး ဗောဓိပင်၊ ထိုနောက် ရုပ်စုံကျောင်းကြီးတွင်း ၀င်ရောက်ဖူးမြော်ကြသည်။ အဆိုပါ ရုပ်စုံကျောင်းကြီးအတွင်း မြတ်စွားဘုရားရှင်၏ ဘ၀ဖြစ်တော်စဉ်မှအစ နောက်ဆုံးပရိနိဗ္ဗာန်ပြုသည့်အထိ၊ ထိုနောက် အရှင်မဟိန္ဒမထေရ်မှ အစပြု၍ လင်္ကာဒီပကျွန်းသို့ သာသနာစတင် ရောက်ရှိခဲ့ပုံ အလုံးစုံကို ရုပ်လုံးရုပ်ကြွများ၊ နံရံဆေးရေးပန်းချီများဖြင့် ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ပူဇော်ရေးချယ်ထားသည်ကို လေ့လာမိပေသည်။
မည်သူမဆို လာရောက်လေ့လာသင့်သော နေရာတစ်ခုပင် ဖြစ်ပေသည်။ ထိုနောက် ကလျာဏီမြစ်နံဘေးသို့ သွားရောက်ပီး မြတ်စွာဘုရား ဟိုတစ်ချိန်က ရေသန့်ပယ်တော်မူခဲ့သည်ကို အာရုံပြုရင်း ဘုရားရှင်လက်ထက်တော် အခါသမယကို လွမ်းမိသည်။ မှန်းမျှော်ကြည့်မိပေသည်။ ကမ်းနံဘေးသို့ လှေကလေးတစ်စီး ဆိုက်ကပ်လာကာ လှေပေါ်မှလူများ ဆင်းလာကြသည်ကို တွေ့ရသည်။ တစ်ခြားနိုင်ငံသားများလည်း ပါပေသည်။ လှေကလေးစီးကာ မြစ်ကြောတစ်လျှောက် ရူခင်းများကြည့်ရှု အပန်းဖြေဖို့ ရူပီး ၃၀-ပေးရသည်ဟု ဆိုပါသည်။

ကေလနိယကျောင်း၊ ကလျာဏီစေတီတော်မှ ပြန်ထွက်လာပီးနောက် Galle Face-ဂေါဆိပ်သို့ သွားရောက်ကာ Sea view ပင်လယ်ရှုခင်းကို ရှုစားကြသည်။ ထို့နောက် Majestic ခါ် ကုန်တိုက်ကြီးသို့ သွားရောက်လည်ပတ်ကြသည်။ ကိုလံဘိုမြို့တော်၌ ဘုရားဖူးများအနေဖြင့် လည်ပတ်စရာ သိပ်မရှိပေ။ သို့သော် နိုင်ငံတစ်ခုရောက်ပီးမှ လည်ပတ်သင့်သော နေရာများသို့ မဖြစ်မနေ သွားရောက် လည်ပတ်သင့်သည်သာ။ မြို့တော်ပတ်လည် ကားစီးပီးလေညှင်းခံနိုင်သလို SuperMarket သွားပြီး ဈေးဝယ်သင့်ပေသည်။
ထိုနောက် စာရေးသူတို့အဖွဲ့သည် ကိုလံဘိုမြို့တော်ထဲ အားရအောင် လှည့်ပတ်ရူစားပီး မကုဋရာမမြန်မာကျောင်းသို့ ညနေ ၆-ကျော်မှ ရောက်ရှိပေတော့သည်။ ကှုသို့ဖြင့် ဘုရားဖူးခရီးလည်း အဆုံးသတ်တော့သည်။
စာရေးသူတို့ ဘုရားဖူးအဖွဲ့ စုစုပေါင်း ကုန်ကျစရိတ်မှာ ရူပီး ၅၈၅၅၀-ခန့်၊ ဒေါ်လာနှင့်ကား ၅၃၀-ခန့်သာ ကုန်ကျပါသည်။ တစ်ကိုယ်ရေး တစ်ဦးချင်းအသုံးစရိတ် မပါပေ။ ကိုးယောက်ပေါင်း ဘုရားဖူးကုန်ကျစရိတ် ဒေါ်လာ ငါးရာကျော်သည် အလွန်အင်မတန် နည်းလသော ကုန်ကျစရိတ်ပင် ဖြစ်ပေသည်။ ယခုအခါ စာရေးသူ၏ သုံးညအိပ် လေးရက် ဘုရားဖူးခရီးစဉ်ကို အခြေခံသော ကျွန်ုပ်သိသောသီရိလင်္ကာ ဆောင်းပါးကို နိဂုံးချုပ်ပါတော့မည်။ ကျွန်ုပ်သိသောသီရိလင်္ကာ- ဟု ပိုစ့် Title-ယူထားသောကြောင့် သိသမျမြင်သမျကိုသာ Share-လုပ်သောအားဖြင့် ရေးသားရခြင်း ဖြစ်ပေသည်။ မသိ၍ ကျန်ခဲ့တာလည်း အများအပြာပင် ရှိသေးကြောင် ၀န်ခံပါသည်။
သီရိလင်္ကာနိုင်ငံတွင်း သွားရောက်ဖူးမြော်သင့်သော ဘာသာရေးဆိုင်ရာ နေရာများသည် မူလဘုရားပွင့်တော်မူရာ အိန္ဒိယနှင့် နှိုင်းစာပါက အတော်ကို နည်းပါး သေးငယ်လွန်းသည်ဟု ထင်ရပေသည်။ သို့သော် သာသနာသမိုင်းမှာ မှတ်တမ်းတင်ထိုက်သော ပယ်ဖျက်၍မရနိုင်သော မေ့ဖျောက်၍မရသော သာသနာတော်ကြီး တည်တံ့ခိုင်မြဲအောင် အားကြိုးမန်တက် ဆောင်ရွက်ခဲ့သော ဖြစ်ရပ်များ၊ ဘုရားပွင့်ခဲ့ကြောင်း၊ သာသနာ ယနေ့တိုင်ရှိသေးကြောင်း အထောက်အထားပြဖို့အတွက် အဓိကရေးကြီးသော ဂွင်းဆက်များကို သီရိလင်္ကာနိုင်ငံရှိ သမိုင်းဝင်နေရာများက မီးမောင်းထိုးပြနေပေသေးသောကြောင့် ဘာသာဝင်များအနေဖြင့် ဂုဏ်ယူထိုက်စရာ လေးစားတန်ဖိုးထားထိုက်စရာအဖြစ် အရေးတယူ လာရောက်ဖူးမြင်သင့်ရာ နေရာများ ဖြစ်နေပေသည်။
သီရိလင်္ကာနိုင်ငံရှိ ဒက္ခိဏသာခါ-မဟာဗောဓိပင်နှင့် မြတ်ဗုဒ္ဓ၏လက်ဝဲတော်အောက် စွယ်တော်မြတ်သည် မည်သူမျမငြင်းနိုင်သော သာသနာရေးဆိုင် အထောက်အထားမျာ ဖြစ်နေပေသည်။ စာရေသူသည် တစ်ခြားသမိုင်းဝင် ဌာနများဖြစ်သော မဟိယင်္ဂဏ၊ စေတီပါဒတောင်(ခြေတော်ရာတောင်) ဘုရားဖူးသွားအကြောင်းကိုလည်း ရေးသားတင်ပြဖို့ ရှိပါသည်။ ယခု ပိုစ့်မှာကား ဖေါ်ပြနိုင်ဖို့ အချိန်မလုံလောက်၍ မရေးသားနိုင်တာ ခွင့်လွတ်ကြပါ။ စာရေးသူသည် ဇန်န၀ါရီ ၁၅-ရက်နေ့ ရန်ကုန်ရောက်မည်။ ထိုမှတစ်ဖန် ဇာတိမြို့ပြန်မည်။ အချိန်၊ အလုပ်၊ နေရာအကန့်အသတ်ကြောင့် အင်တာနက်အသုံပြုဖို့ ခက်ခဲ့သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ တစ်နှစ်ကျော်ကျော် ရေးသားလာခဲ့သော မိမိ(အလင်္ကာ)ဘလော့ဂ်အား အချိန်လုကာ လာရောက်အားပေး ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ် ပရိတ်သတ်များအား အထူးပင်လေးစားပါကြောင်း၊ မိမိသည်လည်း ပညာရှင်တစ်ယောက်မဟုတ်သည့်အတွက် သတိလွှတ်ကာ ချွတ်ချော် ရေးသားမိခဲ့သည်ရှိသော် စာဖတ်သူများအား အသိမှားအမြင်မှားသွားမည်ကို မလိုလားသလို ပြန်လည်တည့်မတ်ပေးသော စာဖတ်သူများအား အထူးပင် ကျေးဇူးတင်ပါကြောင်း ယခုပိုစ့်ကနေပြီး နှုတ်ဆက်ရင်း ပြောကြားလိုပါသည်။
အချုပ်အားဖြင့် ဘုရားဖူးခရီးစဉ်တစ်လျှောက် အတွေ့အကြုံများကို စာဖတ်သူများလည်း အတော်အသင့် ဗဟုသုတရနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်ချို့သမိုင်းဝင်ဌာနများသည် အကောင်းပကတိရှိသော်လည်း (ဥပမာအားဖြင့် ဗောဓိပင်၊ စွယ်တော်) အချို့သမိုင်းဝင်ဌာနများသည် စစ်ဘေးစစ်ဒဏ်၊ ဘာသာခြားတို့ ဖျက်ဆီးခြင်းတို့ကြောင့် မပြုမပြင် အပြိုအပျက်အတိုင်း ရှိနေကြပါသည်။
ဘယ်အကြောင်းကြောင့်ဖြစ်ဖြင့် မည်သည့်နိုင်ငံမဆို ဘုရားဖူးလာရောက်လည်ပတ်သောအားဖြင့် သမိုင်းကပေးသော သင်ခန်းစာကို ရရှိနိုင်ပါလိမ့်မည်။ သာသနာဟူသည် ကိုယ့်နှလုံးသားထဲ၊ အသွေးထဲ အသားထဲ ကိန်းအောင်နေမှ တည်မြဲပေမည်။ အပြင်ပ အဆောက်အဦများသည် အသွင်သံဌာန်မျှသာ ဖြစ်ပြီး တကယ့်အနှစ်သာရများ မဟုတ်ကြချေ။ ထိုကြောင့် ဆရာကြီး ဦးဌေးလှိုင်၏ စကားကို ပြန်လည်ကိုကားရလျှင်.. (အဇ္ဈန္တိက သာသနာသာ ပဓာန) ထိုကြောင့် မဟိဒ္ဓသာသနာ အပြင်ပန်း ရုပ်ဝတ္ထုတို့သည် အရေးမကြီး၊ လိုအပ်ရုံမျှသာ ထူထောင်သင့်၏။ သင်္ခါရတရားများဖြစ်၍ ကျောက်တိုင် ကျောက်သားပင် အနှစ်တရာမခံ။ အဇ္ဈန္တိကသာသနာက အရေးကြီးပေသည်။ အမှန်တရားတစ်ခုနှင့် ယုံကြည်မှု တည်ရှိနေပါသေးသမျှ သာသနာသည် ခိုင်မာလျက်ပင်တည်း။ (ဓမ္မာစရိယဦးဌေးလှိုင်- သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ)။

ယခုပြုရ၊ ကုသလကို၊ မြင့်မိုရ်ဦးသို့၊ ကျေးဇူးထူးထွေ၊ မွေးမေဖေနှင့်၊ သိစေဆရာ၊ လှူဒကာများ၊ အစထား၍၊ သတ္တ၀ါဟူ၊ ထိုထိုသူကို၊ အမျှယူစေ၊ ပေးဝေသာဓု၊ ခေါ်စေသောဝ်…။

ရွင်လန်းချမ်းမြေ့ပါစေ

ပြီးပါပြီ။
posted by dhammasami08

Monday, January 10, 2011

Life for 2011

Tips for Better Life for 2011

10. Make time to practice meditation, and prayer. 
They provide us with daily fuel for our busy lives.
11. Dream more while you are awake.
12. Smile and laugh more.
13. Try to make at least three people smile each day.
14. Don’t waste your precious energy on gossip.
15. Don’t have negative thoughts about things you cannot control.
16. Spend time with people over the age of 70 & under the age of 6.
17. Life is too short to waste time hating anyone.
18. Don’t take yourself so seriously. No one else does.
19. Forget issues of the past. Don’t remind your partner with his/her mistakes of the past. This will ruin your present happiness.
20. Realize that life is a school and you are here to learn. Problems are simply part of the curriculum that appear and fade away like algebra class, but the lessons you learn will last a lifetime.
21. You don’t have to win every argument. Agree to disagree.
22. Don’t compare your life to others’. You have no idea what their journey is all about.
23. Make peace with your past so it won’t spoil the present.

Coming soon...

posted by dhammasami08

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၆)

ကန္ဒီမြို့၌ စာရေးသူတို့ ကိုလံဘိုမြို့တော်ဝယ် ကျန်နေခဲ့သော ဒကာမသားအမိနှစ်ယောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆရာတော်ဦးကုမာရ လိုက်ပါပို့ဆောင်ပေးသောကြောင့် မနေ့ညနေကတည်းက ရောက်နှင့်နေပီ ဖြစ်သည်။ ထိုကြောင့် စာရေးသူတို့ ၉-ယောက် ဘုရားဖူးအဖွဲ့ လူစုံသွားပီ ဖြစ်သည်။
ဒကာ၊ ဒကာမတို့အုပ်စုသည် မနက်ဖြန် မြတ်ဗုဒ္ဓစွယ်တော် ဖူးမြော်မည့်အရေး သဒ္ဓါပိုစိတ်စောကာ အိပ်ရေးဝနေဟန် ပေါ်ပေသည်။ နံနက်စောစော ၃း၃၀ လောက်ကတည်းက အိပ်ရာထ၊ မျက်နှာသစ်၊ အလှပြင်ကာ အ၀တ်အစားများလဲလှယ်၍ အဖြူရောင်အ၀တ်များဖြင့် သူတော်စင်များအသွင် ပေါ်လွင်လျှက် လန်းဆန်းတက်ကြွနေကြသည်ကို မြင်ရသည်။ စာရေးသူပင် မျက်နှာမသက်ရသေးခင် သူတို့က အဆင်သင့် ဖြစ်နေကြသည်။
မှန်ပေသည်။ မြန်မာ+သီရိလင်္ကာဘုရားဖူးများ၏ အဓိကဖူးမြော်လေ့ရှိသော ဌာနတို့မှာ စွယ်တော်နှင့် ဗောဓိပင် ဖြစ်ပေသည်။ စွယ်တော်သမိုင်းကို အပိုင်း (၁)၀ယ် ဖေါ်ပြခဲ့ပီး၊ ဗောဓိပင်အကြောင်းကိုကား အပိုင်း (၃)၌ ရေးခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း ဂျူလိုင်လ (သို့မဟုတ်) သြဂုတ်လတွင် ညစဉ်ရက်ဆက် ၁၀-ညတိုင်တိုင် စွယ်တော်ကို လှည့်လည်ပူဇော်ခံပီး နေ့စဉ်နေ့တိုင်း စွယ်တော်ဖွင့်ချိန်ကား နံနက် ဆွမ်းတော်ကပ်ချိန် ၆-နာရီမှ ရ-နာရီအတွင်း ၁-နာရီ၊ နေ့ဆွမ်းကပ်ချိန် ၁၁-နာရီမှ ၁၂-နာရီ အချိန်လောက်သာ စွယ်တော်တိုက်ကို ဖွင့်ထားပေးသည်။ (http://www.explorelanka.com/places/hill/kandy.htm အသေးစိပ် သိလိုသူများ)
စွယ်တော်ထည့်ထားရာ ရွှေကြုပ်တော်ကိုကား မဖွင့်သောကြောင့် စွယ်တော်အစစ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်ဖူးခွင့်ရရေး အလုအယက်တိုးဝှေ့၍ သူထက်ငါဦး အပြေးအလွှာ လာရောက်ဖူးကြသည့်အတွက် နေ့စဉ်နေ့တိုင်း မနက်ပိုင်း ဆွမ်းတော်ကပ်ချိန်၊ နေ့လည်ဆွမ်းတော်ကပ်ချိန်များ၌ ပရိတ်သတ်များဖြင့် အထူးစည်ကားလပေသည်။ စွယ်တော်ဖူး လာရောက်ကြသောဘုရားဖူးများ၏ သွားလာလှုပ်ရှားဟန်၊ သဒ္ဓါစိတ်ဖြင့် မျက်နှားများ ရွင်လန်းတက်ကြွနေဟန်မှာ မြင်ရသူအဖို့ အလိုလို စိတ်ဓာတ်တွေ တက်ကြွနူးညံ့လာကာ ကြည်နူးပီတိ ကြက်သီးဖြန်းဖြန်းထမိသည့်အထိ ခံစားမိစေသည်။ အိန္ဒိယပြည်၊ ဗုဒ္ဓဂယာနှင့် မဟာဗောဓိပင် ဖူးခွင့်ရသည့်တိုင် ဒီလိုပီတိမျိုး ခံစားမိမည် မဟုတ်ပေ။
ပရိသတ်အားလုံးကလည်း ဘုန်းဘုန်းများမှအပ အဖြူရောင် အ၀တ်အစားချည်း ဆင်တူဝတ်ဆင်ထားသည်ကို တွေ့ရသည်။ မှန်ပေသည်။ ထိုကဲ့သို့ စွယ်တော်ဖူးများ အဖြူရောင်ဆင်တူ ၀တ်ဆင်ရန် သီရိလင်္ကာအစိုရကိုယ်တိုင် အမိန့်ထုတ်ထား လေသည်။ ဘာသာရေးနှင့်သက်ဆိုင်သော ဘုရား၊ အဆောက်အဦး၊ ရဟန်းသံဃားတို့ထံ ဆည်းကပ်ဖူးမြော်ကြမည့် သူများသည် သင့်တင့်သော၊ မ၀ါကြွားသော၊ ရိုးရိုးယဉ်ယဉ်ဖြစ်သော modest-အ၀တ်အစားများကို ၀တ်ဆင်ကြရန် ညွန်းကြားထားလေသည်။
စွယ်တော်တိုက် အ၀င်ပေါက်တိုင်းမှာလည်း အစောင့်အရှောက်များ ထူထပ်စွာ ချထားကာ အန္တရာယ်ပြု ပစ္စည်းများ ပါ၊ မပါ စစ်ဆေးလေသည်။ အစိုးရက စွယ်တော်၏လုံခြုံရေးကို နိုင်ငံတော်လုံခြုံရေးအဆင့် အထူးသတ်မှတ်ထားသည်။ ဘာကြောင့်လည်းဆိုတော့ စွယ်တော်၏လုံခြုံရေးသည် တိုင်းပြည်၏လုံခြုံရေးပင် ဖြစ်သည်။ စွယ်တော်လုံခြုံအောင် စောင့်ရှောက်နိုင်သော အစိုးရမျိုး၏လက်ထဲတွင်သာ (အာဏာ) တိုင်ပြည်လည်း တည်ရှိသည်-ဟု တစ်တိုင်းပြည်လုံးက ယုံကြည်လေသည်။ ထို့ကြောင့် နှစ်ပေါင်း ၂၆-ကျော် ပြည်တွင်းစစ် ဖြစ်လာခဲ့သော်လည်း အနိုင်မယူနိုင်ဘဲ ယခုအခါ ဘာသာရန်သူတို့ နိဂုံးချုပ်ရခြင်းက သက်သေသာဓကပင် ဖြစ်နေသည် မဟုတ်ပါလော။ အစိုးရကိုယ်တိုင်နှင့် ပြည်သူတို့က ဘာသာရေးကို နှလုံးသားနှင့်သာမက အသိညာဏ်ရှိရှိ ယုံကြည်ကာ အထွတ်အမြတ်ထားပေသည်။ စွယ်တော်သည် ပြည်သူတို့၏ အသက်၊ အသဲနှလုံး ဖြစ်လေသည်။
ကန္ဒီမြို့တော်ကို တည်ထောင်ခဲ့သော ရှေးဆင်ဟလလူမျိုး မင်းတို့ကလည်း စွယ်တော်ကို ကြီးစွာသော ဇွဲလုံးလဖြင့် ကာကွယ်ခဲ့ရသည်။ ထိုကြောင့် စွယ်တော်သည် ရှေးကတည်းက နိုင်ငံတော် ကာကွယ်မှုတွင်သာမက နိုင်ငံရေးပေါ်လစီတွင်းမှာလည်း အရေးကြီးသော အခန်းကဏ္ဍက ပါဝင်လာရပေသည်။ ကန္ဒီမြို့သည် ဘုရင်ခေတ် နောက်ဆုံးမြို့တော်ဖြစ်ခဲ့ပီး ယခုအခါ ဒုတိယမြို့တော်ဖြစ်လေသည်။ စွယ်တော်တိုက်ကို နန်းတော်အတွင်း တည်ဆောက်ထားခြင်း ဖြစ်လေသည်။ စွယ်တော်တိုက်ကို Sri Dalada Maligawa ဟု ခေါ်ဆိုသည်။ ပေါရောနရုဝခေတ် ပျက်သုဉ်းပီးနောက် ၁၆-ရာစုနှစ်မှာ စွယ်တော်တိုက်ကို တည်ဆောက်ပီး စွယ်တော်မြတ်ကို ထည့်ထားကိုးကွယ်ခဲ့သည်။
စာရေးသူတို့လည်း နံနက်ဆွမ်းတော်ချိန် နီးကပ်လာပီမို့ လူဘွယ်ဝတ္ထုများဖြစ်သော သင်္ကန်း၊ (ဆွမ်းမပါ) ပန်းစသည်ယူဆောင်လျှက် စွယ်တော်တိုက်ရှိရာသို့ ထွက်လာခဲ့ကြသည်။ မြန်မာကျောင်းဆရားတော်က စွယ်တော်တိုက်စောင့် တာဝန်ကျ ဘုန်းဘုန်းအား အကြောင်းကြားထားပီးပီမို့ အဆင်ပြေလွယ်ကူစွာ ဖူးခွင့်ရလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သို့သော်လည်း ခြေလှမ်းနှေးနေလို့ မရပေ။ တန်းစီးနေသော လူအုပ်ကြီးကလည်း တိုးမပေါက်လောက်အောင် ကြပ်ပိုက်နေသည်။
ကံဆိုးချင်တော့ စွယ်တော်တိုက်တွင်း လူအုပ်ကြားထဲမှာ အုပ်စုကွဲသွားသည်။ ကန္ဒီမြန်မာ ကျောင်းဆရာတော်နောက် လိုက်ပါသွားသော ဒကာတော်တို့မှာကား အလွယ်တကူပင် မြတ်ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ခွင့် ရခဲ့ကြသည်။ စာရေးသူတို့ ဘုန်းကြီးလေးပါးအဖွဲ့မှာကား အထွက်ပေါက်(စွယ်တော်ဖူးပီး ထွက်လာသည့်ဖက်) ဖက် ရောက်သွားသည်။ ထိုအခါ အစောင့်တစ်ယောက်(ရဲ)က လာမေးသည်။ ဂိုက်-လမ်းပြပါလား-တဲ့။ စာရေးသူကလည်း နိုး-ပေါ့။ ကန္ဒီမြန်မာကျောင်းကပါ-လို့ ပြောလိုက်သည်။ ထိုအခါ ၁၀-မီနစ်စောင့်-ဟု အဆိုပဲါက ပြောလာသည်။
စာရေးသူတို့လည်း စောင့်ပေါ့။ အချိန်တွေ ကုန်သွားလည်း အလှည့်ကျမလာ။ မထူးပါဘူး ဘုန်းဘုန်းတို့ တပည့်တော်တို့ ၀င်တိုးကြရအောင်-ဟု စာရေးသူက တိုက်တွန်းရင်း အရှေ့ကနေ ဦးဆောင်ကာ အထွက်လမ်းကနေ ၀င်တိုးကြလေသည်။
မှန်ပေသည်။ ဒီလိုမတိုးရင်တော့ စောင့်လိုက်ပေအုံး။ ဆွမ်းတော်ကပ်ချိန်ပီးလို့ စွယ်တော်တိုက် ပိတ်ချိန်နီးတောင် ဖူးခွင့်ရလိမ့်မည် မထင်ပေ။ လူအုပ်ကြီး တန်းစီနေတာ ကိုယ့်အလှည့်ရောက်ဖို့မလွယ်။ ဘုရားသားတော် ဘုန်းဘုန်းတွေဆိုပီး ဒီနေရာမှာတော့ ဦးစားပေးလိမ့်မည် မဟုတ်။ စွယ်တော်မြတ်ရှေ့မှာကား ပါလာသည့် လှူဘွယ်တ္ထုများကို အလှည့်ကျစီး လှူဒါန်းပီး ခဏတာ တစ်မီနစ်(မပြည့်)လောက်ပဲ ရပ်လျှက်ရှိခိုးကာ ပြန်ထွက်ကြရသည်ကို မြင်တွေ့နေရသည်။ ထိုင်ရှိခိုးဆုတောင်းဖို့ နောက်နားမှာ ဆယ်ယောက်စာ နေရာလေးတစ်ခုတော့ ရှိပေသည်။
စာရေးသူတို့ မြတ်ဗုဒ္ဓစွယ်တော်ရှေ့ရောက်တော့ စွယ်တော်ကို ဖူးလျှက်(စွယ်တော်ကြုပ်ကိုပဲ မြင်ခဲ့ရသည်၊ စွယ်တော်က အတွင်းမှာ ရှိသည်) သင်္ကန်းလှူပီး မြန်မြန်ဆုတောင်းကာ ပြန်ထွက်လာခဲ့ကြသည်။ စာရေးသူလည်း သုံးကြိမ်မက စွယ်တော်ဖူး ရောက်ခဲ့သော်လည်း စောင့်ရတာ စိတ်မရှည်သူမို့ အဝေးမှပင် ဖူးမြော်ပီး ပြန်လာခဲ့တာချည်းပင် ဖြစ်သည်။ အခုတစ်ခေါက်ပဲ စွယ်တော်အနီး ဖူးခွင့်ရသည်။ ရင်ထဲမှာလည်း အလွန်းဝမ်းမြောက်ပီတိ ဖြစ်မိပါသည်။
သို့သော် စွယ်တော်တိုက် အပြင်ဖက်ရောက်တော့ အစောင့်ရဲတစ်ယောက် လိုက်လာပီး လာနှုတ်ဆက်သည်။ ၁၀-မီနစ်စောင့်ဟု ပြောသော ရဲအရာရှိပင် ဖြစ်သည်။ ထိုကြောင့် ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်-ဟု စာရေးသူက ပြောလိုက်သည်။ ထိုအခါ စာရေးသူရဲ့ လက်ကို လာဆွဲသည်။ ဘာပါလိမ့်ဟု ရင်ထိပ်သွားသေး၏။ စာရေးသူက စိတ်ရှုပ်သော အမူအယာဖြင့် ကြည့်လိုက်တောဲ့အရာရှိက လက်ကလေးလှုပ်ကာ Money! Money!-ဟု ဆို၏။ အော်.. သဘောပေါက်ပီ။ တစ်ရာပေး၊ မယူသေး။ နှစ်ရာပေးလိုက်မှ ပြန်လှည့်ထွက်သွား၏။ စာဖတ်သူများလည်း သဘောပေါက်လိမ့်မည် ထင်ပါ၏။ စွယ်တော်ဖူး၍ ရရှိခဲ့သော ကြည်နူးစိတ်ကလေးလည်း ထွက်ပြေးသွားလေတော့သည်။
စာရေးသူတို့အဖွဲ့ မြတ်ဗုဒ္ဓစွယ်တော် ဖူးမြော်ပီးနောက် စားသောက်ဆိုင်တစ်ခုမှာ နံနက်စာ စားကြသည်။ ထိုနောက် ကန္ဒီကျောင်းသို့ ပြန်လာပီး ခရီးမစခင် ကန္ဒီဆရာတော်အား အလှူငွေဆက်ကပ်ကာ နှုတ်ဆက်ကန်တော့ကြသည်။
ဒီကနေ့ ကိုလံဘိုမြို့တော်သို့ ပြန်ကြမည်တည်း။ ကိုလံဘိုသို့ မထွက်ခွါခင် ကန္ဒီမြို့ကို အပေါ်စီးမှ မြင်တွေ့နိုင်သော View Point သို့ သွားရောက် ကြည့်ရှုကြသည်။ အဆိုပါ View Point မှ ကြည့်လိုက်တော့ ရေကန်၊ ရေကန်၏အနောက်ဖက်မှာ စွယ်တော်တိုက်၊ အနောက်တောင်ဖက်မှာ ဂန္ဒီခန်းမဟု မြန်မာတို့သိသော အဆောက်ဦးဖြူဖြူ၊(ယခုအခါ ၎င်းကို Queens Hotel-ဟုခေါ်)၊ တောင်ခြေနားမှာ အင်္ဂလိပ်ခေတ်က အကျဉ်းထောင်ဟောင်းတို့ကို တွေ့မြင်ကြရသည်။ အမှတ်တရလက်ဆောင်အဖြစ် သော့ချိပ်များ ၀ယ်ခဲ့ကြသည်။ အချိန်ပေးကာ လာရောက်လေ့လာမည့်သူများအတွက် ကန္ဒီမြို့အနီး ကမ္ဘာ့ရှေးအကျဆုံး ရုက္ခဗေဒဥယာဉ်သို့လည်း သွားရောက်လေ့လာ သင့်ပေသည်။ သို့သော် စာရေးသူတို့ ဘုရားဖူးအဖွဲ့မှာကား အချိန်မရသဖြင့် မသွားတော့ပေ။ View Point မှတစ်ဖန် ကိုလံဘိုသွားလမ်းပေါ်ရှိ မနေ့က လေ့လာရတာ မကျေနပ်ခဲ့သော မာတလေမြို့၊ စတုတ္ထသင်္ဂါယနာတင်ခဲ့ရာ အလောကလိုဏ်သို့ နောက်တစ်ခေါက် ၀င်ရောက်လေ့လာဖို့ ဆရာတော်များက ဆန္ဒရှိသောကြောင့် အလောကလိုဏ်ဂူဆီ ရောက်ခဲ့ပြန်ပါသည်။
စတုတ္ထသင်္ဂါယနာ တင်ခဲ့ပုံ အကြောင်းစုံကိုလည်း ကျမ်းဂန်တို့၌ အသေးစိပ် ဖေါ်ပြပါရှိပီး ဖြစ်ပေသည်။ ထိုကြောင့် စာရေးသူ အကျယ်မချဲ့တော့ပေ။ မာတလေအရပ်ရှိ ဒေသအခေါ် Aluvihara or Aloka cave temple မြန်မာလို အလောကလိုဏ်ဂူကျောင်းကို အရှေ့ဖက်သို့ မျက်နှာမူထားသဖြင့် နေထွက်လာသည့်အခါ နေ၏အလင်းရောင်းများ လက်ခံရရှိသောကြောင့် အလောကလိုဏ်ဂူကျောင်း(အလင်းရောင်ကျောင်း) ခေါ်ဆိုသည်ဟု ဒေသခံတို့က ပြောပြသည်။ ဘီစီ ၃-ရာစု၊ ဒေ၀ါနံပိယတိဿမင်းလက်ထက်ကတည်းက ရဟန်းတော်တို့ဖြင့် တည်ရှိနေထိုင်ခဲ့ပီး၊ ဘီစီ ၁-ရာစု၊ ၀ဋ္ဋဂါမဏိမင်းလက်ထက်မှာ အာလောကလိုဏ်ဂူ၌ ဘုရားဟော ပိဋကတ်သုံးပုံကို ပါဠိစာပေအက္ခရာတင်၍ ရေးသားခဲ့ခြင်း ဖြစ်ပေသည်။ 
  စာရေးသူတို့ ရောက်ချိန်မှာ နံနက် ၉-နာရီခန့် ရှိပြီတည်း။ Tourists side ဖြစ်၍ တစ်ယောက်ကို အခွန် ရူပီး ၂၀၀-ပေးဆောင်ရသည်။ ကျောက်တုံးကျောက်ဆောင်အောက်ဝယ် ကျောင်းတော်အဖြစ် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ဒုတိယအဆင့် ကျောက်တုံးပေါ်၌ ဗောဓိပင်ကို စိုက်ပျိုးထားပီး အမြင့်ဆုံး ကျောက်တောင်ထိပ်မှာ စေတီငယ်တစ်ဆူကိုလည်း ဖူးတွေ့ခဲ့ရသည်။
အလောကလိုဏ်ဂူမှ ထွက်လာပီးနောက် ထမင်းဆိုင်မှာ နေ့ဆွမ်းစားသည်မှအပ မည်သည့်နေရာကိုမှ မ၀င်တော့ဘဲ ကိုလံဘိုမြို့ကို တောက်လျှောက်မောင်းလေသည်။ ညနေ ၄-နာရီလောက် ကုလံဘိုမြို့တော်ရှိ မကုဋရာမမြန်မာကျောင်းသို့ ရောက်ရှိကာ အနားယူနိုင်တော့သည်။ မနက်ဖြန် ကိုလံဘိုမြို့ တစ်ဝိုက် လှည်ပတ်ကြမည်။ နာမည်ကြီးသော ကလျာဏီစေတီ(သိမ်)ကို သွားရောက်ဖူးမြော်ကြမည်တည်း။

ဆက်လက်ဖေါ်ပြပါမည်….
posted by dhammasami08

Life for 2011

Tips for Better Life for 2011

1. Take a 10-30 minute walk every day and while you walk, smile.
2. Sit in silence for at least 10 minutes each day.
3. Sleep for 7 hours.
4. Live with the 3 E’s : Energy, Enthusiasm and Empathy.
5. Play more games.
6. Read more book than you did in 2010.
7. Drink plenty of water.
8. Eat more foods that grow on trees and plants and eat less food that is manufactured in plants.
9. Eat breakfast like a King, lunch like a Prince and dinner like a Beggar.

Coming soon…….

posted by dhammasami08

Saturday, January 8, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၅)

အနုရာဓပုရမြို့တော်ရှိ Tourist sites အားလုံကို လည်ပတ်ရန် နှစ်ရက်ဖြင့် လုံလောက်ပါသည်။ ယမန်နေ့ည ၉-နာရီမှာ စာရေးသူတို့အဖွဲ့ ဗောဓိပင်ဖူး သွားရောက်ခဲ့ကြသေးသည်။ ကျွန်ုပ်ကား ခရီးပန်းသည်ကတစ်ကြောင်း၊ ဗောဓိပင်ကိုလည်း သုံးကြိမ်းမက ဖူးမြော်ခဲ့ဖူးသည်က တစ်ကြောင်းကြောင့် ကျောင်းမှာကျန်ခဲ့ပေသည်။ အနုရာဓကျောင်းဆရာတော်က အားလုံးစီစဉ်ပေးခဲ့ပြီးဖြစ်၍ အဆင်ပြေစွာ ဖူးခွင့်ရကြပေလိမ့်မည်ဟု ယုံကြည်ပါသည်။ ပြုခဲ့သမျှကုသိုလ်အားလုံးကို သာဓုခေါ်ပါ၏။
ယခုအခါ စာရေးသူတို့အဖွဲ့ အနုရာဓ၀ယ် နှစ်ညအိပ်ပြီးဖြစ်၍ အပိုင်း(၁)၌ ပြောခဲ့သည့်အတိုင်း စွယ်တော်ဖူးရန်အတွက် မြတ်ဗုဒ္ဓစွယ်တော် ကိန်းဝပ်ရာ ကန္ဒီမြို့သို့ ခရီးဆက်မည် ဖြစ်သည်။ အနုရာဓကျောင်း ဆရာတော်အား ကျေးဇူးတင်စကားလျှောက်ထားပီး ဒကာ၊ ဒကာမတို့က ၀တ္ထုငွေ ဒေါ်လာ ၅၀-ဆက်ကပ်ခဲ့သည်။
ကန္ဒီမြို့သွား လမ်းခရီးတစ်လျှောက် ၀င်ရောက်လည်ပတ်သင့်သော Tourist sites များကိုလည်း သွားရောက်ကြမည် ဖြစ်သည်။ ညနေ မှောင်ခါနီးမှ ကန္ဒီမြို့အရောက်သွားပီး ကန္ဒီမြို့၊ စွယ်တော်တိုက်အနီးရှိ မြန်မာကျောင်းမှာ ညအိပ်ကာ မနက်စောစော နံနက်ဆွမ်းတော်ကပ်ချိန်မှာ စွယ်တော်ဖူးရန် စီစဉ်ထားသောကြောင့် ဖြစ်ပေသည်။
ရပ်တော်မူဘုရား (Aukana)။     ။ Aukana or Awukana (အုပ်ကန)ခေါ် ရပ်တော်မူဘုရားသို့ ပထမဆုံး သွားရောက်ဖူးမြော်ကြမည်။ အုပ်ကန-ဘုရားသည် သီရိလင်္ကာ၌ ရပ်တော်မူဘုရားများစွားအနက် အမြင့်ဆုံး၊ အကြီးဆုံးဟု ဆိုပါသည်။ အမြင့်ပေ ၃၉၊ ပုခုံးအကျယ် ၁၀-ပေ ရှိပီး ကြာရွက်အောက်ခံဖြင့် ကျောက်တောင်ကျောက်သားကို ထွင်းထုပူဇော်ထားခြင်းဖြစ်ကာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးပင် ဖြစ်လေသည်။
  အေဒီ ၅-ရာစု၊ ဓာတုသေနမင်းလက်ထက်မှာ ပြုလုပ်ခဲ့သည်ဟု ရှေးဟောင်းသုတေသနအရ ယုံကြည်ရပေသည်။ ထို့ထက်လည်း စောခြင်စောနိုင်သည်ဟု ဆိုသည်။ စာရေးသူတို့အဖွဲ့သည် နံနက်စောစောပင် ရပ်တော်မူဘုရားရှိရာသို့ ရောက်လာခဲ့သည်။ Tourist sites ဖြစ်၍ ၀င်ခွင့်ပေးဆောင်ရလေသည်။ ရပ်တော်မူဘုရားကား နေရောင်ခြည်နုနုအောက် ဖူးတွေ့ရသည်မှာ ကြည့်နူဖွယ်ရာ အလွန်းကောင်း၍ စိတ်ကိုငြိမ်းချမ်းစေသည်။ မှန်ပေသည်။ သစ်ရွက်သစ်ခက်ကြား ထိုးကျလာသော နံနက်ခင်း နေရောင်ခြည်၏အောက်ဝယ် ကျောက်သားပင်ဖြစ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်သည် သက်တော်ထင်ရှား ရှိနေဘိသကဲ့သို့ ထင်ရပေသည်။ နေရောင်ခြည် မြင့်လာလေလေ မြတ်ဗုဒ္ဓ၏ပါရမီတော်ကြောင့် မျက်နှာတော်ကြည်လင် သန့်ရှင်းလာလေလေဟု ခံစားမိစေသည်။ ရပ်တော်မူဘုရား၏လက်ဟန်သည် မုဒြာနှစ်မျိုးကို ညွန်းပြသည်ဟု ဆိုပါသည်။ လက်တော်ကို တစ်စောင်းဖြန့်ထားခြင်း ပုံစံသည် Asisa Mudra အာသီသမုဒြာ- မေတ္တာတော်ဖြန့်ပို့ပေးခြင်းနှင့် တစ်ခုမှာ Abhaya Mudra အဘယမုဒြာ- ဘေးရန်ကင်းခြင်း (သို့) လွတ်မြောက်ခြင်းကို ရည်ညွန်းကြောင်း ဆိုပါသည်။
စာရေးသူတို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်သည့်အခါ ဘုရားကို ကျောပေး၍ ဓာတ်ပုံရိုက်ခွင့် မရှိပေ။ ရိုင်းပြသောလုပ်ရပ်အဖြစ် ရှုမြင်ကြသည်။ တစ်ခြားဗုဒ္ဓဘာသာနိုင်ငံမှာ ကျောပေးကာ ဓာတ်ပုံရိုက်သော်လည်း မတားမြစ်ပါ။ ဘုရားရှိခိုးစဉ် ထိုင်သည့်အခါမှာလည်း ဘုရားဖက် ခြေထောက်ပေး(ခြေဆင်း)ကာ ထိုင်လေသည်။ တစ်ချို့လည်း ကျွန်ုပ်တို့က ဖိနပ်ချွတ်သင့်သည်ဟု ထင်မြင်ယူဆသော နေရာတို့၌ ဖိနပ်စီးထားလေသည်။ သီရိလင်္ကာသားတို့ (ရတနာသုံးပါးစသည်) ဘာသာတရားအပေါ် လေးစားရိုသေးနည်းကား အနည်းငယ်ထူးဆန်းသည်ဟု ထင်မြင်မိသည်။
ထိုနောက် အချိန်လုကာ လည်ပတ်ရသည်မို့ မြန်မြန်သုတ်သုတ်ပဲ ပြန်ထွက်လာခဲ့ကြသည်။ အလှူခံဌာနတွေ့တော့ ဒကာကြီးတို့ စုံတွဲက တည်ဆောက်နေဆဲ ကျောင်းတော်အတွက် အလှူငွေ ထည့်လေသည်။ ကျောင်းထိုင်ဆရာတော်က လဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည်။
ပေါရောနရုဝ။    ။ ထိုနောက် လင်္ကာဒီပ၏ ဒုတိယရှေးဟောင်းမြို့တော်ဖြစ်သော ပေါရောနရုဝသို့ သွားရောက်လည်ပတ်ကြသည်။ ပထမဆုံး ပေါရောနရုဝနယ်ပယ်အတွင်းဝင် ဆိဂီရိယနယ်မြေသို့ သွားရောက်ကြသည်။ (http://www.asiaexplorers.com/srilanka/polonnaruwa_travel_guide.htm)
ဆိဂီရိယ Sigiriya။        ။ ဆိဂီရိယဟူသည် ကျောက်တုံး ကျောက်တောင် (သို့) နန်းတော်ရာတစ်ခု၏ နာမည် ဖြစ်လေသည်။ ခြင်္သေ့ပုံနှင့် တူသောကြောင့် lion Rock- ခြင်္သေ့ကျောက်တုံးဟုလည်း ခေါ်သည်။
သီရိလင်္ကာ၌ Unesco၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သော ၁။ ကန္ဒီမြို့ရှိ စွယ်တော်၊ ၂။ ဒမ္ဘူလရှိ ရွှေကျောင်း၊ ၃။ အနုရာဓပူရမြို့ရှိ အလေးအမြတ်ထားသော နေရာ။ ၄။ ပေါရောနရုဝ ရှေ့ဟောင်းမြို့တော်ရာ၊ ၅။ ဂလ္လေမြို့ဟောင်းနှင့် ခံတပ်၊ ၆။ ဆိဂီရိယရှေးဟောင်းမြို့တို့သည် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ကြလေသည်။ ၇။ ဆင်ဟရဇ သစ်တောနှင့် ၈။ သီရိလင်္ကာ၏ ဗဟိုကုန်းမြင့်ဒေသတို့သည် သဘာဝနှင့်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ အဖြစ်သတ်မှတ်ကြသည်။
အထက်ပါ ဒေသများသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အမြဲဖွင့်လှစ်ထားပေသည်။ ဆိဂီရိယသည် ကမ္ဘာလှည့်ခရီးသွားများအတွက် လည်ပတ်စရာနေရာတစ်ခု ဖြစ်လေသည်။ ဘာသာရေးနှင့်သက်ဆိုင်သော နေရာတော့ မဟုတ်ပေ။ နန်းတော်ရာဟောင်းတစ်ခု ဖြစ်လေသည်။ တောင်ထိပ်ပေါ်မှာ နန်းစိုက်ပီး ရန်သူမင်းကို တွန်းလှန်ခုခံနိုင်ရန်အတွက် တောင်ပတ်ပတ်လည်၌ မြို့ရိုး၊ ကျုံးစသည် ကာရန်ထားလေသည်။ တောင်ထိပ်နန်းတော်အ၀င် ကျုံအနီး၌ ပြတိုက်တစ်ခုရှိကာ နန်းတွင်းဥယာဉ်တော်သည် အတော်သာယာလ၍ အပန်းဖြေသဘော လည်ပတ်သင့်ပေ၏။ ထိုကြောင့် စာရေးသူတို့အဖွဲ့မှာ ဘုရားဖူးသန့်သန့် ဖြစ်ခြင်း၊ အသက်ကြီးသော ဒကာ၊ ဒကာမတို့ပါလာ၍ တောင်ပေါ်မတက်နိုင်ခြင်းတို့ကြောင့် ဆိဂီရိယတောင်ကို မတက်တော့ဘဲ အောက်ခြေအနီး ကျုံးနံဘေး၌သာ ဓာတ်ပုံမှတ်တမ်းရိုက်ကာ တစ်ခြားသော နေရာသို့ လည်ပတ်ကြလေသည်။
(အသေးစိတ် သိလိုသူများ အောက်ပါလင့်အတိုင်း ကြည့်ကြလေကုန်။) (http://www.asiaexplorers.com/srilanka/sigiriya.htm)
ဆိဂီရိယမှ ထွက်လာပီးနောက် ပေါရောနရုဝခေတ် ပရက္ကမဗာဟုမင်း တည်ဆောက်ထားခဲ့၍ ပရက္ကမ သမုဒြာဟု ခေါ်ဆိုသော ရေကန်ကြီးပတ်လမ်းမှ ကားကို အလျှားလိုက်မောင်းလာပီး ရေကန်ကြီးအနီးရှိ ရှေးဟောင်းဗိသုကာဆိုင်ရာပြတိုက်ကို ၀င်ရောက်လေ့လာကြသည်။ နိုင်ငံခြားသားတစ်ယောက်အတွက် အမေရိကန် ၂၅-ဒေါ်လာ ပေးဆောင်ရလေသည်။ ပြတိုက်မှ ပြန်ထွက်လာပီးနောက် နေ့ဆွမ်းချိန်နီးနေသောကြောင့် ကားဆရာညွန်ပြသော ထမင်းဆိုင်တစ်ခု၌ နေ့ဆွမ်းဘုန်းပေးကြသည်။
ထိုမှတစ်ဖန် Gal Vihara ဂေါ-၀ိဟာရသို့ သွားရောက်ကြသည်။ ဂေါ-၀ိဟာရဆီ မရောက်ခင် ပရက္ကမဗာဟုမင်း၏ ကျောက်သားရုပ်ထုကို ကြည့်ခဲ့ရသည်။ ဂေါ-၀ိဟာရသည် ကျောင်းတော်ရာဖြစ်သည်။ ယခုအခါ ကျောင်းဆောင်များ မရှိတော့ပေ။ ရှေးဟောင်းလက်ရာဖြစ်သော ဗုဒ္ဓရုပ်ပွားတော် သုံးဆူသာ ကျန်ခဲ့လေသည်။ 
ရုပ်ပွားတော် သုံးဆူ၏တည်နေပုံသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ တစ်ဆူသည် ထိုင်တော်မူ မုဒြာဖြစ်ပီး၊ တစ်ဆူသည် ရပ်တော်မူ မုဒြာဖြစ်ကာ နောက်ဆုံးတစ်ဆူသည် လျှောင်းတော်မူတို့ ဖြစ်သည်။ ဘုရားသုံးဆူ၏အနေအထားနှင့် ဆိုလိုဟန်ကို ပညာရှင်များ အငြင်းပွားကြရလေသည်။ ထိုတွင် ရပ်တော်မူ မုဒြာသည် အထူးဆန်းဆုံး ဖြစ်လေသည်။ မျက်လုံးတော်အစုံကို မှိတ်ထားကာ လက်တော်ပိုက်ထားဟန် ထုလုပ်ထားသည်။ မြတ်စွာဘုရား၏မေတ္တာတော်ဖြင့် ဝေနေယျတို့အား (Blessing Posture) ကောင်းချီပေးဟန်ဟု ယူဆကြသည်။ ၎င်းရုပ်ပွားတော်များသည် ပရက္ကမဗာဟုမင်းလက်ထက်၌ ဖြစ်ပေါ်လာခဲ့ပီး သီရိလင်္ကာ၏ ကျောက်ဆက်အနုပညာဆိုင်ရာ ရှေးအကျဆုံးဟု ယူဆကြသည်။
လျှောင်းတော်မူ ရုပ်ပွားတော်၏ အောက်ဖက်ညာလက်တော်သည် အနည်းငယ် ပျက်စီးနေသည်ကို ဖူးတွေ့ရသည်။ ပေါရောနရုဝခေတ် ပျက်သုဉ်းပီးနောက် လူသူအစောင့်အရှောက် မရှိသည့်အချိန် ဘာသာခြားတို့က ရုပ်ပွားတော်များကို ဖျက်ဆီးကြသည်။ ထိုအခါ တောထဲမှ ဆင်ပြောင်ကြီးများ ထွက်လာပီး ဖျက်ဆီးသူများကို နှင်ထုတ်လိုက်၍ နောင်အခါ ကြောက်လန့်ကာ မည်သူမျှမဖျက်ဆီးဝံ့တော့ချေ-ဟု သီရိလင်္ကာ ရဟန်းတော်တစ်ပါးက စာရေးသူအား ရှင်းပြလေသည်။
ဂေါ-၀ိဟာရမှ ထွက်လာပီးနောက် ၁၂-ရာစုနှစ်၊ ပရက္ကမဗာဟုမင်း၏ နန်းတော်ရာဟောင်းကို သွားရောက်လေ့လာကြသည်။ မင်းနန်းတော်သည် ဟိုတုန်းက ဘုံခုနှစ်ဆင့်ပြသာဒ် (Vijayanta Pasada) ဟူ၍ပင် မထင်ရလောက်အောင် အလွန်ပျက်စီးနေပီ ဖြစ်သည်။ အိန္ဒိယပြည်၊ ကလိင်္ဂတိုင်းမှ ရန်သူမင်းတို့ လာရောက်တိုက်ခိုက်ကာ မီးလောင်တိုက်သွင်းခဲ့သည်-ဟု ဒေသခံတစ်ဦးက ရှင်းပြလေသည်။ အထူးခြားဆုံးမှာ ညီလာခံအစည်းဝေး ခန်းမဆောင် ဖြစ်ပေသည်။ ကျောက်တုံး၊ ကျောက်သားတို့ဖြင့် ထွင်းထုတည်ဆောက်ထားပီး ရုပ်လုံးရုပ်ကြွတို့ဖြင့် အလွန်လက်ရာ မြောက်လပေသည်။

ထိုနောက် စာရေးသူတို့သည် (ဒမိဠှ)ကျေးကုလားတို့ ဖျက်ဆီးသည့်ဘေးရန်ကြောင့် ကန္ဒီမြို့သို့ မပြောင်းရွေ့ခင် မူလစွယ်တော်ကိန်းဝပ်ခဲ့သော ရှေးဟောင်းစွယ်တော်တိုက်ရှိရာသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ရန်သူမင်းတို့ ဖျက်ဆီးခဲ့သည်အတိုင်း အပျက်အစီးတွေချည်း မြင်တွေ့ရသည်။ ထိုင်းနိုင်ငံက အယုဒ္ဓယမြို့ဟောင်းကို ပြန်လည်မြင်ယောင်မိပေသည်။ အပျက်ကို အပျက်အတိုင်း ရှေးမူလက်ရာမပျက် ထိမ်းသိမ်းထားသောကြောင့် နိုင်ငံခြားသားများ လာရောက်လည်ပတ်ကြသဖြင့် နိုင်ငံတော်ဝင်ငွေလည်း များစွာရပေမည်။ 

 
           အပျက်အစီးအတိုင်း တည်ရှိနေသော Vatadage Circular Relic House စွယ်တော်ထားခဲ့သော တိုက်ခန်း၊ Thuparama Amage House ရုပ်စုံကျောင်းတော်၊ Lata Mandapa မဏ္ဍပ်၊ ဘုံ ၇-ဆင့်ပြသာဒ်၊ ဂေါပေါတ ကျောက်စာ၊ ၀ိဇယဗာဟုမင်းလက်ထက် ပထမဆုံး စွယ်တော်တိုက် (၁၁-ရာစုနှစ်)၊ နိစ္စံကမလ္လမင်းလက်ထက် ဒုတိယ စွယ်တော်တိုက် (၁၂-ရာစုနှစ်)စသော အဆောက်အဦးတို့ကို တွေ့ရသည်။ ဘာသာဝင်များအတွက် သမိုင်းကပေးသော သင်ခန်းစာကို များစွားသံဝေဂယူပီး နှလုံးသားမှာ ဘာသာသွေးတွေ စီးဆင်းနေအောင် ကျောက်သားတံဆိပ်ရိုက်နှိပ်သကဲ့သို့ ပြုလုပ်ထားသင့်လပေသည်။

အလောကလိုဏ်ဂူ။       ။ Aluvihara ခေါ် အလောကလိုဏ်ဂူသည် မာတလေမြို့တွင် ရှိလေသည်။ မြန်မာရဟန်းတော်များအတွင်း မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံပီးနောက်ပိုင်း သင်္ဂါယနာသမိုင်းတွင် စတုတ္ထမှတ်တိုင်၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော နေရာ-ဟု ထင်ရှား အသိများကြသည်။

အလောကလိုဏ်ဂူရှိရာ မာတလေမြို့သည် ကန္ဒီ၊ ဒမ္ဘူလသွားလမ်းပေါ်မှာ တည်ရှိသည်။ ပေါရောနရုဝမြို့မှ အတော်ပင်ဝေးလသည်။ ကန္ဒီမြိုနှင့်ကား ၁၇-မိုင်ခန့်ဝေးသည်။ ပေါရောနရုဝမြို့မှနေပီး ကားဆရာသည် တောင်ပေါ်လမ်းအတိုင်း မောင်းယူလာခဲ့သည်။ လဖက်ခင်းများ၊ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း လိုက်ပါလာခဲ့ရာ မာတလေသို့ ည ၇-ခန့်လောက် ရောက်ရှိလာခဲ့ကြသည်။ ကျောက်တုံးမဲမဲကြီးဖြင့် မှောင်မှောင်မဲမဲ မသဲကွဲမို့ ဆရာတော်များ လေ့လာရတာ မကျေမနပ် ဖြစ်နေကြသည်။ မနက်ဖြန် ကန္ဒီစွယ်တော်ဖူးပြီး အချိန်ရရင် နောက်တစ်ခေါက် ပြန်လာမည်ဟု မိန့်တော်မူသည်။

ထိုကြောင့် ကန္ဒီမြို့သို့ မနက်ဖြန် စွယ်တော်ဖူး ချီတက်ရပြန်သည်။ ၄၅-မီနစ်ခန့်ကြာပီးနောက် ကန္ဒီမြို့ မြန်မာကျောင်းသို့ ဆိုက်ရောက်လေတော့သည်။ ဆရာတော်ကို ၀တ်ပြုပီး ဆရာတော်စီစဉ်ထားသော နေရာတို့၌ အသီးသီးနေရာယူကာ ရေချိုးကြသည်။ ဆရာတော်များလည်း အနားယူကြသည်။ မနက်ဖြန် စွယ်တော်ဖူးမည်တည်း။

ဆက်လက်ဖေါ်ပြပါမည်.....

posted by dhammasami08