Happy Birthday to you!
အောက်ပါကဗျာလေးကို Face book မှ တကာမလေး တစ်ယောက်က မွေးနေ့လက်ဆောင် တောင်းလာသောကြောင့် ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ သူမက ပြောသည်။ သူမ ငယ်ပါသေးတယ်၊ အချစ်အကြောင်းကို စိတ်မ၀င်စားသေးပါ၊ ဒါကြောင့် ကဗျာရေးပေးလျှင် အချစ်အကြောင်း မပါစေနဲ့-တဲ့။ ဟုတ်ပါ၏။ ပြောလိုသည်မှာ အဆိုပါတကာမလေးကို အကြောင်းပြုပြီး ရေးဖွဲ့မိသော အဆိုပါ အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါး၊ ခွန်ရောက်-ဟူသော အလင်္ကာ-ကဗျာလေးနှင့်ကိုက်ညီစွာ မွေးနေ့လက်ဆောင် ကဗျာကို ရေးဖွဲ့ထားပါသည်။
တကာမငယ် ဆိုလိုသည်မှာ တစ်စုံတရာ တစ်ဦးတစ်ယောက်တည်းကိုသာ ချစ်တတ်တဲ့ အချစ်(လောဘ၊ တဏှာ)ကို ဆိုလိုဟန် တူပေမည်။ ဤကဲ့သို့ အချစ်အကြောင်း မပါပေမယ့် လောက(လူ့ရွာ)ကို ချစ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ဖို့၊ လောကပါလတရား(ဟိရီ၊ သြတပ္ပ)ကို စောင့်ရှောက်ဖို့ စသည့်စသည် ရည်ရွယ်သော အချစ်မျိုးနှင့် စာရေးသူက ရေးဖွဲ့ မိခဲ့ပါသည်။ ခံစားကြည့်ပါအုံး……..။
။ ။ ကောင်းကင်ထက်လည်း၊ သက်တန့်ကြွယ်၊ တိမ်မဲ့တိမ်ညို ကင်းရှင်းတယ်။
။ ။ ကမ္ဘာမြေကြီး၊ စိမ်းစေတယ်၊ သစ်ပင်တောတောင် ရှင်သန်တယ်။
။ ။ ပန်းရောင်စုံမြူး၊ ပွင့်ဖူးတယ်၊ ရာသီဥတု အလွန့့််ကောင်းတယ်။
။ ။ လူသားမျိုးနွယ်၊ ငြိမ်းချမ်းတယ်၊ လောကတရား စောင့်ကြတယ်။
။ ။ ဒီလိုအခြေ၊ မြဲစေကွယ်၊ ဝေနေအားလုံး တောင်းတတယ်။
။ ။ မွေးနေ့ရှင်ရယ်၊ ပြုံးနေတယ်၊ ထာဝရပဲ မြင်ချင်တယ်။
။ ။ သက်တမ်းရာမို့၊ ရှည်လို့ရယ်၊ လောကကောင်းကျိုး ဆောင်ရွက်မယ်။
။ ။ ဖေဖေ မွေးမေ၊ ကျေးဇူးကွယ်၊ သမီး(သား)နေ့စဉ်ပို့သတယ်။
။ ။ စိန္တေဘုရားထံ၊ တောင်းဆုရွယ်၊ ဘ၀အမော ငြိမ်းစေကွယ်..။
ကျရောက်ပြီး၊ ကျရောက်ဆဲနှင့် ကျရောက်လတံ့သော မွေးနေ့ရှင် အားလုံးကို ရည်ရွယ်ပါသည်….။
မဲ့- ကင်းမဲ့ခြင်း၊ မရှိခြင်း၊ ကင်းစင်ခြင်း
စိမ်းစေ- သစ်ပင်များ ပေါက်ရောက်နေသောကြောင့် ကမ္ဘာမြေ စိမ်းစိုနေသည်
အလွန့်- အလွန့်အလွန်၊ အလွန်ကောင်းသည်
လောကတရား- လောကပါလတရား(ဟိရီ၊ သြတပ္ပ)
ေ၀ေန- ေ၀ေနယ်သတၱ၀ါ၊ သက္ရွိသတၱ၀ါအားလုံး
မြဲစေ- ထာဝရတည်တံ့နေ၊
ရာမို့- သက်တမ်း ရာကျော်၊ အသက်တရာကျော်၊ မို့မောက်ကျော်လွန် သက်ရာကျော်
ပို့သ- မေတ္တာအားဖြင့် ပို့သသည်၊ မေတ္တာပို့သည်
ဘ၀အမော- ဆင်းရဲဒုက္ခ
ငြိမ်းစေ- နိဗ္ဗာန်
ကဗျာလင်္ကာလေး ကောင်းလိုက်တာဘုရား။ သဘာဝလောကတရားနဲ့ ဓမ္မတရားရောနှောထားတာ သဘောကျပါတယ်ဘုရား။
ReplyDelete