Friday, June 18, 2010

တွေးခေါ်မြော်မြင်ခြင်း(အပိုင်း ၂)

တွေးခေါ်မြော်မြင်ခြင်း (အပိုင်း ၂)

 ဤနေရာ၌ မှန်ကန်သောအသိပညာဗဟုသုတကို ရရှိနိုင်ရန် တွေးခေါ်စရာ လမ်းနှစ်သွယ်ရှိလေသည်။ ပထမလမ်းမှာ တိုက်ရိုက်တွေးခေါ်မှု (Direct perception) ဖြစ်၍ ဒုတိယလမ်းမှာ သွယ်ဝိုက်၍တွေးခေါ်မှု
(Indirect perception)ဖြစ်လေသည်။

1.Direct perception ဆိုသည်မှာ တစ်ခြားမဟုတ်ပေ၊ မိမိတို့မှာ ကမ္မသဘာဝ အလျှောက် ပိုင်ဆိုရရှိထားသော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနှင့် ကိုယ်ခန္ဓာအပြင် သူတို့၏အာရုံ အသီးသီးဖြစ်ကြသော ပုံသဏ္ဌာန်၊ အသံ၊ အနံ့၊ အရသာနှင့် တွေ့ထိမှုတို့ပင်ဖြစ်သည်။
ဆိုလိုသည်မှာ မျက်စိဖြင့် ပုံသဏ္ဌာန်ကို ဆုံမိသည့်အချိန် ချက်ခြင်းပင် မြင်သိစိတ်တိုက်ရိုက်ဖြစ်ပေါ်လာမှု၊ ပေါ်ပေါက်လာမှုကို Direct perception ဟုခေါ်ဆိုရပေသည်။ အလားတူပင် နားဖြင့် အသံကို ကြားလိုက်သည့်အခါ ကြားသိစိတ် တိုက်ရိုက်ဖြစ်ပေါ်လာသည်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှုမိလိုက်သည့်အချိန် မကြာချက်ခြင်းတိုက်ရိုက် မွေး၊ နံသိစိတ်ဖြစ်ပေါ်လာသည်။ လျှာဖြင့် အရသာကို တို့ထိမိသည့်အခါ ချို၊ ချည်၊ ဖန်ခါးသိစိတ်ဖြစ်ပေါ်လာရပေသည်။ ကိုယ်ခန္ဓာကို တွေ့ထိလိုက်သည့် တစ်ပြိုင်နက် ပျော့၊ မာ၊ ကြမ်းသည့်သိစိတ် ဖြစ်ပေါ်လာပေသည်။
ဤကဲ့သို့ သိမြင်စိတ်ဖြစ်ပေါ်လာရအောင် မည်သည့်တစ်ဦးတစ်ယောက်ကမှ လုံးလအားထုတ်၍ ဖြစ်ပေါ်လာခြင်း မရှိ၊ အကြောင်းနှစ်ခုဆုံခိုက် တိုက်ရိုက်ပင်လျှင် သူအလိုလို ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ထိုသိမြင်မှုကို Direct perception ဟု ခေါ်ရပေသည်။
တစ်နည်းအားဖြင့် အရာဝတ္ထုတစ်ခုနှင့် အခြားအာရုံခံအရာဝတ္ထုတစ်ခု ထိုနှစ်ခုတို့ ထိပ်တိုက်ထိတို့မိချိန် အခြားသော သုံးခုမြောက် ခံစားမှုတစ်ခု ဖြစ်ပေါ်လာရ ပြန်သည်။ ထိုခံစားမှုကြောင့် သာယာစရာ ဖြစ်သော်ကား ဖြစ်မည်။ သို့မဟုတ် မသာယာ၊ မနှစ်မြို့စရာဖြစ်သော်ကား ဖြစ်မည်။ ထိုသို့မဟုတ် ထိုနှစ်ခုကြားက ခံစားမှုပျေက်နေသော်လည်း ဖြစ်ကောင်းဖြစ်မည်။ အမှန်အားဖြင့် ခံစားမှုဖြစ်ပေါ်လာခြင်းသည် တွေးခေါ်မှု၏ အကျိုးဆက်ပင်ဖြစ်ပေသည်။ ဤတွေးခေါ်မှုကို Direct perception ဟု ခေါ်ပေသည်။ ထိုကဲ့သို့ တွေးခေါ်မှုမျိုးနှင့် ပတ်သက်၍ မိမိတို့၏သိမြင်တွေ့ရှိသော အာရုံများ ကြည်လင်ပြတ်သားနေရမည်ကိုတော့ သတိပြုရပေလိမ့်မည်။ ထိုမှသာလျှင် အကြောင်းအကျိုးပါသော တွေးခေါ်မှုကို ရနိုင်ပေသည်။ 

2.Indirect Perception
ဒုတိယနည်းလမ်းမှာ Indirect Perception ဖြစ်သည်။ သွယ်ဝိုက်သော တွေခေါ်မှုကို Indirect Perception ဟု ခေါ်လေသည်။ ၄င်းကို တြိယုတ္တိဆင်ခြေ-Syllogism ဟုလည်းခေါ်သည်။ သုံးနားညီဆင်ခြေ ဟုဆိုနိုင်သည်။ သုံးနားညီဆင်ခြေဟူသည်မှာ ဥပမာအားဖြင့် “လူသားတိုင်းဟာ တစ်နေ့ကျရင် သေရမည်။ ငါသည် လူသားမျိုးနွယ်ဖြစ်သည်။ ငါသည်လည်း သေမျိုးထဲပါဝင်သည်။ ဒါကြောင့် ငါလည်း တစ်နေ့မုချ သေနိုင်သည်”။ ထိုကဲသို့ ယုတ္တိကျသော ဆင်ခြင်မှုကို တြိယုတ္တိဆင်ခြေ-သုံးနားညီဆင်ခြေ -Syllogism ဟုဆိုရသည်။
တြိယုတ္တိဆင်ခြေကို အောက်ပါနည်းလမ်း(၅)သွယ်ဖြင့် ဆင်ခြင်ကာ နားလည်သဘောပေါက်နိုင်သည်။
1.    Pratijna: Statement to be proved, သက်သေထုတ်ပြန်ရခြင်း၊
2.    Hetu: Reason, အကြောင်းပြရခြင်း၊
3.    Udaharana: Example, ဥပမာပေးရခြင်း၊
4.    Upanaya: Application and, နိုင်းယှဉ်မှုရှိရခြင်းနှင့်
5.    Nigamana: Conclusion, အချုပ်နိဂုံးဖေါ်ပြရခြင်း ဖြစ်ကြသည်။
 ဆိုကြပါစို့။ ပထမဆုံးအနေဖြင့် Statement သက်သေတစ်ခုကို ထုတ်ပြရမည်။ သာဓကအနေဖြင့် တစ်စုံတစ်ယောက်က  ”တောင်ပေါ်မှာ မီးရှိတယ်”ဟု အဆိုပြုလိုက်သည်(ပရိညာ)။ ဘာကြောင့်ဒီလို ပြောနိုင်ရတာလည်း အကြောင်းရှိရမည်။ ”ဟုတ်တယ်။ တောင်ပေါ်မှာ မီးခိုးထွက်နေတာကို ငါတို့လှမ်းမြင်နေရတယ်”ဟု သက်သေကို ခိုင်လုံသော အကြောင်းပြချက်ပေးရသည်(ဟေတု)။
အဆိုပါအကြောင်းပြချက်နဲ့ ပတ်သက်ပီ ဥပမာဆက်လက်ပြနိုင်ရမည်။ မှန်တယ်။ ”အလားတူပဲ မီဖိုထဲမှာ မီးခိုးထွက်နေတာ မီးရှိလိုပေါ့။” ဟု နိုင်းယှဉ်ကြည့်ရမည်(ဥဒါဟရဏ)။
ထို့နောက် ဥပမာနှင့် ဥပမေယျတို့ကို ဆက်စပ်ကြည့်ရမည်။ ”မီးဖိုချောင်ထဲမှာ မီးရှိနေသည့်အတွက် မီးဖိုချောင်ထဲ၌ မီးခိုးရှိနေရလေသကဲ့သို့ အလားတူပင် တောင်ပေါ်မှာ မီးခိုးကို လှမ်းမြင်နေရသည့်အတွက်ကြောင့် တောင်ပေါ်မှာ မီးရှိတယ် ဆိုတာ သေခြာသွားလေသည်(ဥပနယ)။ နောက်ဆုံး ငါတို့က ”တောင်သည် မီးရှိသည်”ဟု ပြောကာ နိဂုံးချုပ် ဆင်ခြင်ရသည်(နိဂမန)။
အထက်ပါ အချက်(၅)ချက်ဖြင့် ဆင်ခြင်တွေးခေါ်ခြင်းသည် တိုက်ရိုက်ချက်ခြင်း မသိရှိရသောကြောင့် Indirect Perception ဟုခေါ်ဆိုရသည်။ အကြောင်းအကျိုးဆက်စပ်ပီး ဆင်ခြင်သိနိုင်သောကြောင့်လည်း ၄င်းကို Logical Thinking ဟု ခေါ်သည်။
ဘုရားလောင်းဘ၀ သုမေဓာအရှင်ရသေ့သည်လည်း ထိုသို့သော Logical thinking နည်းလမ်းဖြင့် နိဗဗာန် တကယ်ရှိတယ် ဆိုတာကို ဆင်ခြင်သိဖြင့် လှမ်းမြော်ကာ ပါရမီ(၁၀)ပါးကို တွေ့ရှိပြီး လမ်းကြောင်းမှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သည်။
”အပူရှိရင် အအေးဆိုတာ ရှိရမည်။ အလားတူပင် သေဆုံးခြင်းရှိနေရင် တစ်ခြားတစ်ဖက်မှာ မသေတဲ့နေရာ သေခြင်းကင်းရာလည်း ရှိရပေမည်”။ “If there is heat, there must be cold; in the same way, if there is death, there must be deathlessness.’’ ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် ယုတ္တိကျသော တွေးခေါ်မှုဖြင့် မိမိဘ၀ကိုထိန်းကျောင်းကာ လူသားမျိုးနွယ်စုကို သုခဘုံသို့ရောက်ရှိအောင် သွားရာလမ်းကို  အကောင်းဆုံး လမ်းညွန်ပြသနိုင်ခဲ့ပေသည်။
ဘုရားဖြစ်ပီးနောက်တွင်လည်း ကာလာမသုတ်၌ တွေးခေါ်မှုဧ။် အတတ်ပညာမျိုးစေ့ကို ချပြထားလေသည်။ ကာလမသုတ်အကြောင်းအရာ အပြည့်အစုံကို တွေးခေါ်ခြင်း(၁)ပိုးစ်မှာ ဖေါ်ပြပြီး ဖြစ်သည်။
လူသားတို့သည် အသိပညာအားနည်းသဖြင့် အယုံလွယ်သူများဖြစ်ရာ လူလည် လူရှုပ်များက သူသိသလို တတ်သလိုဖြင့် ဒုက္ခမျိုးစုံဖြင့် အားကိုးရာရှာနေသော လူသားတို့အား အမျိုးမျိုးလမ်းညွန်မှုများ ပေးတတ်ကြကြောင်း ကာလာမအမျိုးသားတို့ရဲ့ ကိုယ်တွေဖြစ်ရပ်တွေက သက်သေပြနေပေသည်။ ကာလာမသုတ်ဝယ် မြတ်စွာဘုရားက ”ငါပြောတာ အဟုတ်အမှန်”ဟု မျက်ကန်းမယုံစေဘဲ ကိုယ်တိုင်သိအောင်လုပ်။ သိရင် လက်တွေကျင့်။ ကျင့်ကြည့်ပြီး ကောင်းတယ်ဆိုက ယူလိုက်။ မကောင်းရင် ပယ်လိုက်”ဟု လမ်းညွန်လေသည်။
ကာလာမသုတ်ဝယ် အချက်(၁၀)သည် အဓိကကြောရိုးဖြစ်လေသည်။ ယင်း (၁၀)ချက်အရ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် တွေးခေါ်ပုံ နည်းလမ်း နှစ်သွယ်ကို တွေ့ရလေသည်။ ပထမနည်းလမ်းမှာTraditional thinking- ရိုးရာတွေးခေါ်ပုံနည်းလမ်းဖြစ်ကာ ဒုတိယနည်းလမ်းမှာ Rational thinking- ကြောင်းကျိုးအခြေခံသော တွေးခေါ်မှု ဖြစ်လေသည်။
ကာလာမသုတ်လာ အနှစ်ချုပ်မှာ အကုသိုလ်တရားကို ရှောင်ရန်၊ ကုသိုလ်တရားကို အားထုတ်ရန် ဖြစ်ပေသည်။ ကုသိုလ်၊ အကုသိုလ်ဆိုတာကို မိမိတို့ တွေးခေါ်ညဏ်ဖြင့် ပိုင်းခြားပီး ခွဲခြားနားလည်ဖို့ ဆိုရင် ကြောင်းကျိုးအခြေခံသော တွေးခေါ်မှုကသာလျှင်ရွေးချယ် သိရှိနိုင်ပါကြောင်း။


No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ