Tuesday, December 22, 2009

ကဗျာ အတွေး(၁)

ပေါ့ပေါ့တွေးတော့၊ လန်းဆန်းတယ်၊ ထင်မိပေဘူးလား။
နက်နက်တွေးပြန်တော့၊ ခေါင်းစားတယ်၊ ညဏ်မမှီသေးဘူး။
လွတ်လွတ်လပ်လပ်၊ တွေးကြည့်တော့၊ ဖမ်းဆီးဥပဒေရှိပါဘူး။
ပေါ့ပေါ့ပါးပါး၊ ရေးခြင်တယ်၊ ရေးစရာပြုံလို့။
ထိထိမိမိ၊ ရေးချင်တယ်၊ ကာရန်ညှိခက်လို့စိတ်အိုက်။
စိတ်ရှိတဲ့တိုင်း၊ ရေးချတယ်၊ စာရွက်မလောက်တော့။
တွေးတဲ့အတိုင်း၊ ရေးမိရင်၊ အတွေးတိုင်းမှန်ပါ့မလား။
ရေးတဲ့အမှား၊ ဖေါ်ပြရင်၊ ပြန်ပြင်လို့ရအုံးမလား။
နှူတ်တရာမှာ၊ စာတစ်လုံး၊ ညီမျှခြင်းတူနေတော့။
အင်း----စာတစ်ပုဒ်ကို
အတွေးမပါဘဲ ရေးရင်ကောင်းမယ်။


No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ