Saturday, December 19, 2009

ကိုယ့်အကြောင်း


Ven Dhammasami (dhammasami08@gmail.com)
Myeik, Tanantharyi Division.
Student at University of Kelaniya, Sri Lanka

Blog တစ်ခုကို ဖန်တီးဖို့ စိတ်ကူးအိမ်မက်နေတာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ဘူး။ အဓိကအကြောင်းရင်းကတော့ “ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့နည်းလမ်းပေါ့။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း Perfect ပြီးပြည့်စုံတဲ့ပညာရှင်တစ်ယောက်မဟုတ်သေးတာပေါ့။
              နောက် စာသင်သားဘ၀မှ ရုန်းမထွက်သေး။ ပညာရှာဖွေနေဆဲပေါ့။ နောက် ရည်ရွယ်ချက်ပေါ့။ ဦးတည်ချက်လို့ ပြောရမယ်။ ရေရေရာရာ မရှိသေးဘူး။ Blog တစ်ခုကို ဘယ်လိုရည်ရွယ်ချက်၊ ဦးတည်ချက်တွေ့နဲ့ စားဖတ်သူကို ချပြမလဲပေါ့။ နောက် ရေရှည်ခရီးသွားနိုင်မလား ဒီအွန်လိုင်ပေါ်မှာ။ လားပေါင်းများစွာ။ ဒီလိုနဲ့ တွေဝေနေရင်းအချိန်ကုန်လာ။
           ဒီကနေ့တော့ (၁၉-၁၂-၂၀၀၉) စာအုပ်အားကိုးနဲ့ ဒီ “အလင်္ကာ”ဆိုတဲ့ Blog ကို ဖန်တီးလိုက်တာပါ။ ထိုနောက် အလင်္ကာနာမည်တူတွေ များလသောကြောင့် မိမိ၏ဇာတိမွေးရပ် နာမည်ကို ရှေ့မှာထည့်ကာ မြိတ်အလင်္ကာဟူ၍ နာမည်ပြောင်းလဲ ပြင်ဆင်ခဲ့ပါသည်။

         မိမိဘလော့ဂ်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်တော်အပေါင်း စိတ်၏ရွင်လန်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ....။

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ