ယခုတစ်လော Post အတော်များများမှာ လူငယ်တွေInternet ကို အသုံးပြုတာနဲ့ပတ်သက်ပီး ဝေဘန်အကြံပြု ထောက်ပြလမ်းညွန်တာတွေ ဖတ်ဖတ်နေရတယ်။ ဖတ်ရတာကောင်းပါ၏။ ဖြစ်ပျက်နေတာတွေလည်း အမှန်တွေပဲ။
ဘာကြောင့် Internet သုံးရတာလဲ၊ ဘာလုပ်ခြင်တာလဲစတဲ့မေးခွန်းကနေအခြေခံရမယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးနေကြသလို အလည်လာရင်းနဲ့ အလည်လွန်တာရယ်။ လည်လွန်းလို့လည်း လှည့်သွားနေတာရယ်။ အမျိုးမျိုး ကြာသိရမှာပါ။ On line သုံးတာကို အပြစ်ပြောလို့မရပါ။ တစ်ချို့သူတွေအတွက် Internet ဟာ ရွှေ ဖြစ်သလို့၊ တစ်ချို့သူတွေအတွက်တော့ အမှိုက်ဖြစ်ခြင် ဖြစ်နိုင်ပါလိမ့်မယ်။ အသိညဏ်မရှိသော သားသမင်ဟာ တောထဲမှာ တန်ဖိုးမရှိလှတဲ့ မြက်ကိုသာ တစ်စိုက်မှတ်မှတ် စားသုံးလာခဲ့တာပါ။ ရွှေ၊ ငွေ၊ ပတ္တမြာကို တွေ့လည်း တန်ဖိုးရှိတယ်လို့ သူမထင်တော့ ကောက်ယူအသုံးမပြုတတ်ဘူးပေါ့။ ဒီသဘောပဲ လောကမှာလည်း အသိပညာချို့တြံသူမျာဟာကောင်းမွန်တဲ့ အသိပညာဗဟုသုတတွေ Internet ပေါ်မှာ အလိုရှိတိုင်း ရရှိနိုင်ပေမယ့် တန်ဖိုးမဲ့တဲ့ အလုပ်တွေနဲ့(ချုံ့ပြောရရင်) အချိန်ကုန်နေကြတာပါ။ ဒါကြောင့် စာဖတ်သူများလည်း ဒီလိုအတွေးမျိုး တူခဲ့မယ်ဆိုရင် လက်ဆက်ကမ်း ဖြန့်ဝေနိုင်ပါစေ။
အောက်ပါအချက်အလက်တွေကတော့ မေးလ်ရောက်လာတာကို ဖြန့်ဝေလိုက်ပါတယ်။
တချို့တွေ Internet ကို တလွဲတချော်သုံးပြီးအချိန်ဖြုန်းနေတာ online chatting ကနေ မိန်းကလေးတွေကို ဏှာဘူးကျတာ၊ ရိုင်းပျတာ အများသုံးဆိုင်မှာထိုင်ပြီး အရှက်သိက္ခာကင်းမဲ့စွာ၊
လူငယ်တွေ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အကျိုးမဲ့ အချိန်ဖြုန်းနေတာ။
လူငယ်တွေ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အကျိုးမဲ့ အချိန်ဖြုန်းနေတာ။
ဒါတွေကို အခြေခံပြီး ရပိုင်ခွင့် (Rights)၊ ယဉ်ကျေးမှု (Etiquette) နဲ့ တာဝန်ဝတ္တရား (Responsibilities) အကြောင်း အတွေးတချို့ တင်ပြပါရစေ။ အားလုံး လက်ခံဖို့မဟုတ်ပါ။ စာဖတ်သူတွေ ဆက်တွေးနိုင်ကြဖို့၊ အချိန်မနှောင်းခင် ပြင်သင့်တာတွေ ၀ိုင်းပြင်ကြဖို့ပါ။ (စာဖတ်သူတွေထဲကလဲ ၀ိုင်းဖြည့်စွက်ဆွေးနွေးကြပါဦး)