Sunday, September 5, 2010

ငါ့ဘ၀နဲ့ငါ


“မပြောင်းလဲသော ငါ့ဘ၀ ငမည်း”

ငါ့ဘ၀….. ငမည်းဘ၀…        
မွေးတုန်းကလည်း ငါ အမည်းလေးပါ၊ ကြီးလာပြန်တော့ မည်းလျက်ပဲပေါ့၊
နေပူထဲထွက်လည်း မည်းမြဲမည်း၊ ငါကြောက်လန့်မိချိန် ငါကိုယ်တိုင် မည်းမှောင်၊
နေမကောင်းဖြစ်လည်း မည်းမည်းမည်း။ ငါသေချိန်အထိ မည်းတုန်းပဲ။
ကဲ ဒါနဲ့ အဖြူရောင်ရဲဘော်ရေ မင်းမှာတော့ကာ…..
မင်းမွေးတော့ ပန်းရောင်လေး၊ ဒါပေသိ မင်းကြီးလာတော့ အဖြူရောင်ပြောင်း၊
နေပူထဲမှာတော့ အနီးရောင်ခံ၊ မင်းအအေးမိရင် ပြာပြာရောင်ဖြစ်၊
မင်းကြောက်လန့်တဲ့ခါ အ၀ါရောင်ပြောင်း၊ အစိမ်းရောင်ပြောင်းရင် နေမကောင်းဖြစ်၊
နောက်ဆုံး သေတာတောင်မှ မီးခိုးရောင်၊ ပြောင်းပြောင်းနိုင်တဲ့ မင်းနော်၊
 ဒါတောင် မင်းက ငါ့ကို “ကပြား” ခေါ်ရသလား။
(မည်း=ဲ - အနက်)

(၂၀၀၈ အတွက် အကောင်းဆုံး UN အသိအမှတ်ပြု  အောက်ပါကဗျာကို ဆီလျှော်အောင် ရေးဖွဲ့ထားသည်။)
  • When I born, I black
  • When I grow up, I black
  • When I go in Sun, I black
  • When I scared, I black
  • When I sick, I black
  • And when I die, I still black
  • And you white fellow
  • When you born, you pink
  • When you grow up, you white
  • When you go in Sun, you red
  • When you cold, you blue
  • When you scared, you yellow
  • When you sick, you green
  • And when you die, you gray
  • And you calling me colored?

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ