Friday, March 11, 2011

ကြိုးစားကြည့်မယ်

(မိမိပိုစ့်သို့ ရောက်လာသော စာဖတ်သူများ မင်္ဂလာပါ။ အချိန်မအားလပ်ပါသဖြင့် ပိုစ့်များတက်မလာနိုင်တာ စာဖတ်သူများ နားလည်ပေးပါ။)

မိမိစိတ်တွင် လောဘကိန်းလျှင်၊ 
လောဘကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ်
လောဘကင်းအောင် ကြိုးစားမယ်။

မိမိစိတ်တွင် ဒေါသကိန်းလျှင်၊ 
ဒေါသကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ်
ဒေါသကင်းအောင် ကြိုးစားမယ်။

မိမိစိတ်တွင် မောဟကိန်းလျှင်၊ 
မောဟကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ် 
မောဟကင်းအောင် ကြိုးစားမယ်။

(သံစဉ်ထည့်ကာ ဆိုကြည့်ပါ)




No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ